26

23.7K 1K 59
                                    

Unicode

အချိန်တစ်ပတ်ကြာသွားပြီးတဲ့နောက်မှာ အရာအားလုံးပုံမှန်ဖြစ်နေသော်လည်း ဦးဝန နှင့် H family ကတော့ တိတ်တဆိတ်သာ ကျားချောင်း ချောင်းနေကြပြီး အကယ်၍ တစ်ယောက်ယောက်သာ သတိလက်လွတ်ဖြစ်လျှင် တစ်ခါတည်းပွဲသိမ်းလိုက်ဖို့ စောင့်နေလေသည်။

တစ်ဖက်က Aနိုင်ငံတွင်လည်း omega တွေ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ပိုက်စိပ်တိုက် လိုက်ရှာနေတာမလို့ ဦးဝန၏ လူတွေဟာ ကျွန်းစုရဲ့ ဟော်တယ် မှာသာ သောင်တင်နေလေသည်။

ရှေ့တိုးလည်း ဒီလမ်းပဲ ၊ နောက်ဆုတ်လည်း ဒီလမ်းပဲသွားရတော့မဲ့ အတူတူ ‌အရှေ့ဆက်တိုးပြီး အဆုံးမရှိသည့် အာဏာတွေ ၊ ငွေတွေ နှင့် နောက်ကြောင်းကိုသာ ဖုံးကွယ်ဖို့ ဝန ကြိုးစားတော့သည်။

ငယ်ငယ်ကတည်းက ခေါင်းမာတတ်တဲ့ အကျင့်ရှိတဲ့အပြင် ဆုံးဖြတ်ပြီးလျှင် မပြင်တတ်သော စိတ်ကလေးကြောင့် ‌ဝန ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကို နောင်တမရှိ သွားနေဦးမည်။

လွန်ခဲ့တဲ့ တစ်ပတ်က ဝန မသိ‌သေးတဲ့အမှန်တရားတွေကို အမည်မသိတဲ့လူတစ်ယောက်ကောင်းမှုကြောင့် အကုန်သိလာခဲ့ရသည်။

ဝနက အမေ့ရဲ့သားအရင်းဆိုတာရယ် ၊ ဇေယျထင်စေက အိမ်ပေါင်ဖို့အတွက် ဝနမရှိတဲ့အချိန် အမေနဲ့ ပြဿနာဖြစ်နေတယ်ဆိုတာရယ် ၊ ယိမ်း ရဲ့ အမေကို ဇေယျထင်စေက ကျောရအောင်ကြံထားခဲ့တယ်ဆိုတာရယ် ၊ သိလိုက်ရတဲ့ အမှန်တရားတွေဟာ များလွန်းလို့ ယိမ်းအပေါ်မှာ အားနာစိတ်ဝင်ခဲ့မိသည်အထိ။

ဒါပေမဲ့ ဒီလမ်းကို လျှောက်ခဲ့ပြီးပြီမလို့ နောက်ပြန်လှည့်ဖို့ စိတ်ကူးမရှိတော့ဘူး။အခု ဝနရဲ့ ပန်းတိုင်ဟာ ဟန်ယိမ်းစေကို H family ထဲက ခွဲထွက်စေပြီး ဝနအပိုင်ဖြစ်လာဖို့ပဲ။အဲအတွက် အာဏာတွေ ငွေတွေလိုအပ်မယ်ဆိုတာ ဝန ကောင်းကောင်းသိတယ်။

ကားလမ်းပေါ်မှာ ပြေးလွှားနေသည့် ကားတွေနှင့်အတူ နေရောင်တောက်ပနေတဲ့ မြို့ရဲ့ မြင်ကွင်းကို တိုက်အမြင့်ပေါ်က မှန်ကတစ်ဆင့်ကြည့်နေရင်း ဆေးလိပ် မီးညှိလိုက်သည်။

မီးခြစ်ကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထိုးထည့်ရင်း လက်တစ်ဖက်ကိုပါ ဘောင်းဘီအိတ်ထဲက ပြန်မထုတ်တော့ပဲ အဲ့အတိုင်းထားလိုက်သည်။

ALPHA :MY HUSBAND Where stories live. Discover now