Unicode { 18+ }
ဒီကျွန်းစုသည် Cနိုင်ငံနှင့် Aနိုင်ငံအကြား လွတ်မြောက်နယ်မြေတစ်ခုဖြစ်တာကြောင့် ကျွန်းစုသေးသေးလေးတွင် လူအမြောက်အမြားရှိလေသည်။
ကျွန်းစုရှိ ကလေးသူငယ်များသည် အသက် ၁၆နှစ်ထိသာ ကျောင်းတတ်ခွင့်ရှိပြီး နိုင်ငံနှစ်မျိုးလုံး၏ ဘာသာစကားများကို သင်ခွင့်ရလေသောကြောင့် ဤကျွန်းစုတွင် လူတော်တော်များများ ဘာသာစကားနှစ်မျိုးတတ်ကြ၏။
ဒီကျွန်းစုတွင် ဆေးဝါးပစ္စည်းနှင့်အခြား အရာများမပူရသော်လည်း လုံခြုံမှုတော့ သိပ်မရှိပေ။
ကျွန်းစုမှာ အရေးယူပေးမည့် အထက်လူကြီးမရှိသလို အခင်းဖြစ်လျှင်လာဖြေရှင်းပေးနိုင်မည့် ရဲများ မရှိပေ။
ကျွန်းမှာနေထိုင်သည့် လူအချင်းချင်း ခိုက်ရန်ဖြစ်ပွားလျှင် နစ်နာသည့်မိသားစုမှ ပေးသည့်ပြစ်ဒဏ်ကို အပြစ်လုပ်သူကခံရလေသည်။
သို့မဟုတ်ပဲ ကျွန်းကိုလာလည်သည့်လူများမှ ခိုက်ရန်ဖြစ်ပွားလျှင် ကျွန်းစုမှလူအချို့သည် သက်ဆိုင်ရာနိုင်ငံပိုင်များလက်အပ်ပေးပြီး အရေးယူစေသည်။
ဒီကျွန်းစုတွင် ရန်ဖြစ်ခြင်း ၊ သတ်ဖြတ်ခြင်းများ မရှိသလောက်ရှားသည်မလို့ လူအများစိတ်အေးလက်အေးနေနိုင်လေသည်။
နိုင်ငံခြားသားများလည်း လာအပန်းဖြေကြလေသည်။
နိုင်ငံနှစ်နိုင်ငံမှ သမ္မတများသည် ချစ်ကြည်ရေးယူထားသောကြောင့် ကျွန်းစုမှာနေသည့် လူများအနေနှင့် စစ်ဘေးရှောင်ရန်မလိုအပ်ပေ။
ဖုန်းလိုင်းများသည် C နိုင်ငံရော Aနိုင်ငံ၏ ကဒ်များနှစ်ခုလုံးဖြင့် ဆက်သွယ်လို့ရလေသည်။
နိုင်ငံအုပ်ချုပ်သည့် သမ္မတနှစ်ဦးသည် ငယ်သူငယ်ချင်းများဖြစ်ကြသည်ဟု ကောလဟာလများရှိနေခဲ့ပြီး သူတို့လက်ထပ်မှစ ဒီနှစ်နိုင်ငံသည်စစ်မဖြစ်ခဲ့ပေ။
သူငယ်ချင်းလို့ ပြောစရာမလိုအောင် အုပ်ချုပ်ရေးအပိုင်းသည် နှစ်ယောက်စလုံး ညံ့ဖျင်းလေ၏။ Aနိုင်ငံမှာ Omega တွေနှင့် ကလေးသူငယ်တွေ ခဏခဏပျောက်နေတာ နှစ်ကြာနေပြီဖြစ်သော်လည်း ယခုတိုင် မည်သူတစ်ဦးကိုမျှ ဖမ်းမမိပေ။

YOU ARE READING
ALPHA :MY HUSBAND
Fantasíaငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest