1

62.7K 1.9K 47
                                    

Unicode

C နိုင်ငံသည် ကမ္ဘာပေါ်တွင် အထင်ကရ နိုင်ငံတစ်ခုဖြစ်၏။

C နိုင်ငံသည် ဒုစရိုက်သမားများ ပေါသလို စီးပွားရေးလည်း လုပ်ရတာ ကြီးပွားလွယ်သော နိုင်ငံဖြစ်သည်။

H company ( ကုမ္ပဏီ )သည် C နိုင်ငံတွင် အကြီးဆုံး company ဖြစ်ပြီး CEO ဟန်ငြိမ်းကို သည်လည်း လူအကြိုက်အများဆုံးနှင့် အသက်အငယ်ဆုံး စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်၏။

ဘယ်သူသိမှာလဲ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ မကောင်းမှုတွေရှိနေမယ်လို့။

ဘယ်သူသိမှာလဲ အသက်ငယ်ငယ် ရုပ်ချောချော ကောင်လေးရဲ့ လက်အောက်မှာ အသက်များစွာ ကြွေလွင့်ရမယ်လို့။

ဘယ်သူသိမှာလဲ ဒီကောင်လေးမှာ တိတ်တိတ်ပုန်း လက်ထပ်ထားတဲ့ Omega လေးတစ်ယောက်ရှိမယ်လို့။

လျှို့ဝှက်ချက်ပေါင်းများစွာနှင့် လူတစ်ဦးဟာ မထင်မှတ်ပဲ အတွင်းရေးမှူး ကောင်လေးကို သဘောကျရာကနေ ဗီလိန်ဘဝသို့ ရောက်သွားလေသည်။

ဖြစ်ချင်တော့ အတွင်းရေးမှူးလေးဟာ ချစ်ရမဲ့လူရှိတာကြောင့် ‌ဗီလိန်ကို ပြန်မကြိုက်ခဲ့ပေ။

ဟန်ငြိမ်းကိုဟာ ဘယ်လောက်တောင်ဆိုးသလဲဆို သူနဲ့လက်ထပ်ထားတဲ့ Omega ကောင်လေးကို လူအများကြီးခေါ်ပြီး rapeစေတဲ့အထိ အကြင်နာတရားမဲ့ပါသည်။

သူ့ကို ဖြောင့်ဖြလို့ရတာ သူ့အတွင်းရေးမှူး Omega ကောင်လေးကလွဲ အခြားလူမရှိပေ။

ဇာတ်ကြောင်းကို ဖတ်ပြီးနောက် သက်ပုံခြယ်သည် သောက်ကျိူးနည်းဟုသာ ရေရွတ်မိတော့သည်။ ဘယ်မလဲ ဒီကောင်လေးအတွက် တရားမျှတမှု။

'ဆိုတော့ ငါက သေရမဲ့ ကံပါတယ်ပေါ့'

System { ရှောင်လို့ရတယ်လေ ပါးနပ်ဖို့တော့ လိုတယ် }

'မီးစင် ကြည့် က ရမှာပဲ ၊ ဒါနဲ့ ဒီကောင်လေး အသက်ဘယ်လောက်ရှ်ိပြီလဲ'

System { မှောင်ခို system မလို့ အဲ့လောက်ထိမသိဘူး ၊ ရှေ့လျှောက် ကိုယ့်ဘာသာ ကြိုးစားရမှာ ဪ မေ့တော့မလို့ အသက်ဓာတ်က တစ်ရက်ပဲ ရမယ်နော်}

ALPHA :MY HUSBAND Where stories live. Discover now