28

23.8K 1K 128
                                    

Unicode

မှောင်မိုက်နေသည့်ညမှာ မိုးရွာသံ တဝေါဝေါကလွဲ သက်ရှိအသံ တစ်ခုမှမကြားရ။

ထောင်အခန်းကျဉ်းလေးထဲတွင် မီးသီးဖြူအသေးလေးတစ်လုံးထွန်းပေးထားပြီး ခပ်နွမ်းနွမ်း မွေ့ယာအဟောင်းနှင့်အတူ နှစ်ကြာပြီဖြစ်တဲ့ ကုတင်တစ်ခုတည်ရှိလေသည်။

အပြင်ဘက်က မိုးသံကို တိတ်တဆိတ်နားထောင်းရင်း အခန်းကျဉ်းထဲမှာရှိသည့်လူသည် တိတ်ဆိတ်ငြိမ်သက်နေ၏။

အခန်းရဲ့ ထောင့်တစ်ထောင့်ကို မှီလှဲထားတာမလို့ အမှောင်ရိပ်သည် မျက်နှာတစ်ခြမ်းကို ကွယ်ဝှက်ထားလေသည်။

ကောင်လေးသည် သူမရှိလျှင် အဆင်ပြေ‌သည်။ သူကသာ ကောင်လေးမရှိလျှင်မနေနိုင်။တစ်ညလောက် ကောင်လေးကို ရင်ခွင်ထဲ ထည့်မအိပ်ရလျှင်ပင် အိပ်မပျော်နိုင်ခဲ့။

မနက်မှ ရုံးတတ် စစ်ဆေးမှာမလို့ ယနေ့ညတော့ ဒီအခန်းထဲမှာပဲ အချိန်ကုန်ရဦးမည်။

လွတ်မြောက်ဖို့ စီစဉ်ခဲ့ပေမဲ့ ယခုတော့ တစ်မျိုးစဉ်းစားမိပြန်သည်။ ဝန ဝရမ်းပြေးအဖြစ်နှင့် မရှင်သန်နိုင်။ ကောင်လေးကို ကွယ်ရာမှ တိတ်တိတ်လေး သဘောကျနေရတာမျိုးလည်း မကြိုက်။

ဝန ကိုယ့်အပြစ်ကိုယ်သိသည်။ သေဒဏ်က လွတ်မြောက်မည်မဟုတ်တော့။ မသေခင် ကောင်လေးကို တွေ့ချင်သည်။ စကားပြောချင်သည်။ ပွေ့ဖွက်ထားချင်သည်။ နောက်ဆုံးအနေနဲ့ ချစ်တယ် ဆိုတဲ့ စကားလည်းပြောချင်သည်။

တစ်အိပ်ရာထဲအတူအိပ်။ အိမ်ထောင်သည် ကိစ္စတွေ လုပ်ဖြစ်နေပေမဲ့ ကောင်လေးကို ချစ်တယ်လို့ မပြောခဲ့ရတာ နောင်တရသည်။

တကယ်တော့ ဝနလုပ်ရက်တွေဟာ လူမဆန်တာကြောင့် ကောင်လေးကို ချစ်တယ် ပြောဖို့ မဝံ့။ကောင်လေးသာ ဒါခင်ဗျားရဲ့ ချစ်တယ်ဆိုတဲ့ ပုံစံလားလို့ မေးလာလျှင် ဝန ဘာဖြေရမလဲမသိ။

ငယ်စဉ်ကတည်းက လက်စားချေဖို့သာ ဦးတည်နေတာမလို့ ချစ်သူရည်းစားမထားခဲ့သည့်အပြင် အချစ်ဆိုသည့်အရာသည် အရေးမပါဘူးလို့ ထင်ခဲ့ဘူးသည်။

ကောင်လေးကို ချစ်မြတ်နိုးမှုတွေနှင့် ကြင်ကြင်နာနာဆက်ဆံချင်သော်လည်း ဝနမကြင်နာတတ် ၊ မယုယတတ် ၊ မချစ်ပေးတတ်။ ကိုယ်တိုင်ကလည်း အချစ်မခံရဖူး။ အိမ်မာ ဒုတိယ သားမလို့ အမေ့အချစ်တွေဟာ အကိုကြီးဆုံးနှင့် အငယ်ရာဇာ့ ဆီမှာသာ။ သူကတော့ အရွယ်ရောက်သည်အထိ အလတ်ဆိုသည့် ဂုဏ်ကိုထိန်းကာ မိသားစုအတွက် ငွေရှာဖို့ အားသန်နေခဲ့သည်။ အဲအချိန်က အချစ်က ‌ဒီလောက်အရေးပါမယ်မှန်း မသိခဲ့ရိုး အမှန်။

ALPHA :MY HUSBAND Where stories live. Discover now