Unicode
ပြန်လာတဲ့ နေ့မှစ သက်ပုံ ညဘက်တွေ အိမ်မက် မကောင်းပေ။
တစ်ခါတစ်ရံ သူ့ကို ယောကျာ်းအချို့က နှာဘူး အကြည့်ဖြင့်ကြည့်ကာ သူ့အနားကပ်လာပြီး အင်္ကျီတွေ ဆွဲဖြဲလေသည်။
တစ်ခါတစ်လေ ဟန်ငြိမ်းကိုနှင့်လှိုင်းအက္ခရာက လက်ချင်းတွဲကာ ပွဲတတ်နေခြင်းကို သူက အမှောင်ကွယ်ကနေ ချောင်းကြည့်နေလေသည်။
System [ ဒါတွေက အရင်ဘဝက သက်ပုံခြယ် မြင်တွေ့ခဲ့ရတာတွေ ၊ မင်းလေယာဉ်ပေါ်က ခုန်ချတော့ သူ့မှတ်ဉာဏ်တွေ မင်းဆီ ရောက်လာတာနေမယ် ]
'တကယ်ကြီး ငါကဘယ်သူလဲ ၊ သက်ပုံခြယ်ရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ဘာလို့ ငါက ဝင်လာရတာလဲ ၊ လက်စားချေဖို့လဲမဟုတ်ပဲ ဒီတိုင်းပြန်ဝင်စားရတာလား'
ကြောင်လေးက သူ့ Host ကို သနားစွာ ခဏ စိုက်ကြည့်နေပြီး မျက်နှာ လွှဲလိုက်လေသည်။
ငါမှ ပြောပြလို့ မရတာ သက်ပုံခြယ်ရာ။
________
စားသောက်ဆိုင် တစ်ဆိုင်၏ VIP အခန်းထဲတွင် Alpha တစ်ယောက်နှင့် Omegaတစ်ယောက်၏ ချိုမြိန်လှသော Pheromones တွေဟာရောနှောကာ ထွက်ပေါ်နေလေ၏။လေထုသည်လည်း ပန်းရောင် အလွှာပါးပါးလေး ပေါ်ထွက်လာပြီး လူနှစ်ယောက်ထံ တိုးဝေ့နေလေသည်။
"ဦး"
"ဗျာ"
"အခြေနေရောဟင်"
"အကုန်လုပ်ပြီးပြီ"
"ဒီတစ်ခါပြီးရင်တော့ လှ်ိုင်းတို့ အတူနေဖို့ နီးစပ်လောက်ပါပြီနော်"
"ကိုယ်လည်း အဲ့လိုပဲ ထင်တယ် လှိုင်း"
"ဦး ချစ်တယ်"
"အဟင်း... အစားအသောက်တွေ အေးကုန်မယ်"
"ချစ်တယ်ပြန်ပြောလေ"
အရှေ့က နှုတ်ခမ်းတစ်ထော်ထော်ဖြင့် ဂျစ်ကျနေသည့် Omega လေးကို မနိုင်ဘူး ဆိုသည့် အဓိပ္ပာယ်ဖြင့် ခေါင်းတစ်ချက် ခါ ကာ
"ချစ်သတဲ့ဗျာ ဟုတ်ပြီလား"
"ဟီးဟီး ၊ ဦး ဒါစားကောင်းတယ် လှိုင်းအကြိုက်ပဲ"
"ကောင်းရင် နောက်ထက် ထက်မှာပေးမယ်"
"ဟုတ် ဟုတ်"

YOU ARE READING
ALPHA :MY HUSBAND
Fantasyငါနိုးလာတော့ ဗီလိန်ရဲ့ ယောကျာ်းဖြစ်နေပြီတဲ့!!! ဟန်ငြိမ်းကို + သက်ပုံခြယ် ဦးဝနထွဋ်ခေါင် + ဟန်ယိမ်းစေ 📌 photo from Pinterest