1

2.2K 128 26
                                    

ခေါက်တုံ့​ခေါက်ပြန် လမ်း​လျှောက်​နေသည့်
ပါးပါးက်ို ကြည့်ပြီး ရစ်ခီ ​စိတ်ညစ်ညစ်နဲ့
ခေါင်းကုတ်မိသည်။မ​နေ့ညက ပါတီအပြန် ​နောက်ကျလို့ သူ အိပ်ရတာ ၃နာရီ​တောင်မရှိ​​သေး။
ဒါကို ပါးပါးက အထူးဆန်းလုပ် ​ပြောစရာရှိတယ်ဆိုလို့ စိတ်ညစ်ညစ်နဲ့ ​ ထိုင်​စောင့်​နေရသည်။​
ပြောစရာရှိတာလည်း တန်း​ပြောတာမဟုတ်။
ဘာ​တွေ ဟန်​ရေးပြ​နေမှန်းမသိ၊သားအဖ​တွေပဲကို။
ရစ်ခီက မြန််မြန်နား​ထောင်ပြီး ပြန်အိပ်ချင်​နေပြီ။

"ပါးပါး သားကို ​​ခေါ်ထားပြီး ဘာ​ပြောမလို့လဲ"

ရစ်ခီ ကျလာသည့် နှာရည်​တွေကို ရှိုက်လိုက်သည်။
သူသည် ရှန်အိမ်​တော်ရဲ့ တစ်ဦးတည်း​သော
သား​လေးမို့လို့ ဆိုးတာ၊ဂျစ်တာ​လောက်​တော့
အပြည့်အ၀ လုပ်နိုင်သည်။

"မင်းမားမား ကို ​စောင့်​နေတာ"

ရစ်ခီသည် မနိုင်သလို​ခေါင်းခါမိသည်။ ရှန်အိမ်​တော်ရဲ့ အိမ်​ထောင်ဦးစီးက​ ပါးပါးရှန်ဆို​ပေမဲ့
​သေချာ​ပေါက် အာဏာအရှိဆုံးက​တော့ မားမား​ပေါ့။

"မားမားက ဘယ်သွားလို့လဲ"

"မင်း အ​မေးမြန်းထူလိုက်တာကွာ
ငါလည်း ဘယ်သိမလဲ"

​ရစ်ခီသည် 'အော်' လို့သာ ​ရေရွတ်နိုင်သည်။

"​တွေ့လာပြီ "

အိ​​​န္ဒြေကြီးသည့် မားမား သည် သုတ်သုတ်နဲ့ ​
ပြေးလာလို့ အိမ်​တော်တစ်ခုလုံးက ၀န်ထမ်း​တွေက ကွက်ကြည့်ကွက်ကြည့် လုပ်​နေသည်။

ပါးပါးသည်လည်း အခုမှ ဆိုဖာမှာ ဟိတ်ဟန်အပြည့်နဲ့ ထိုင်ချသည်။ခုနက ပြာယာခတ်​နေတာသူ
မဟုတ်သလို။ဒီအိမ်မှာ ပုံမှန်အတိုင်းရှိ​နေတာ
သူ တစ်​ယောက်ပဲရှိတာလားလို့ ​တွေးယူ​​​​နေ​ရသည်။

မ​နေ့ညက အရက်အလွန်အကြူး​သောက်လာတာ
သူ​ပေမဲ့ ဘာလို့ ပါးပါး နဲ့ မားမားက
မူး​နေတယ်ဆိုသည့် ခံစားချက်ရ​နေမှန်းမသိ။

"ရှန်ရှန် လာကြည့် လာ"

ကြီးမားလှသည့် ဆိုဖာကြီး​ပေါ်မှာ မားမားသည်
ရစ်ခီ ​ဘေးအစွန်းတစ်ဖက်မှာ ထိုင်သည်။
ကိုယ်ကိုကိုင်းပြီး ကြည့်​သော်လည်း မမြင်ရလို့
​ဘေးတိုးကြည့်ရသည်။

U HAVE MY HEARTWhere stories live. Discover now