ရစ်ခီနဲ့တစ်ယောက်တစ်ခွန်းစကားများပြီး
ဂယူဗင်း စာကြည့်ခန်းထဲ၀င်လာပေမဲ့ ဘယ်လိုမှ အလုပ်ကိုလည်း အာရုံစိုက်လို့မရသလို၊ စိတ်ငြိမ်အောင် စာဖတ်တော့လည်း စာအုပ်ထဲ စိတ်မရောက်။ဘယ်လိုမှမနေနိုင်သည့်အဆုံး အောက်ထပ်ဆင်းပြီးသား စိတ်ပြေလက်ပျောက်တစ်ခွက်လောက်
သောက်ဖို့ ဂယူဗင်း တွေးလိုက်သည်။အရက်ကို ခုံမင်တယ်လည်းမဟုတ်ပေမဲ့ တစ်ခါ
တစ်လေ အလုပ်ကိစ္စ ညစာစားပွဲရှိတဲ့အခါမျိုးတွေဆို
ဂယူဗင်း သောက်ဖြစ်သည်။ အခုလို စိ
တ်ပြေလက်ပျောက်ဖြစ်အောင် အရက်သောက်သည်ကဒါပထမဆုံးဖြစ်သည်။ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့
အပျော်အရက်တစ်ခါ၊နှစ်ခါ သောက်ဖူးသည်ကလွဲ စိတ်ညစ်လို့ အရက်သောက်တာမျိုး ဂယူဗင်း
ဘ၀မှာမရှိခဲ့။ကျောင်းတက်ခဲ့တဲ့ နှစ်တွေကတောင် သူငယ်ချင်းတွေက မဆွဲဆောင်နိုင်ခဲ့သမျှ အခုလို အိမ်ထောင်ကျပြီး ၁လတောင်မပြည့်သေးတဲ့အချိန်မှာ ရစ်ခီကြောင့် သူ အရက်သောက််နေရပြီ။ စိတ်ပျက်တယ်ရယ်လို့လည်းမဟုတ်ပေမဲ့
တွေးကြည့်တော့လည်း နည်းနည်းတော့
ရယ်ချင်စရာတော့ဖြစ်မိသား။"သား? ဂယူဗင်း "
မေမေ၏ ခေါ်သံနဲ့အတူ ရုတ်တရက် လင်းသွားသော
မီးဖိုခန်းမီးတွေ။ မေမေသည် ဂယူဗင်းကို
စူးစိုက်ကြည့်ပြီး စားပွဲပေါ်က ပုလင်းနဲ့ခွက်ကိုမြင်တော့ ဂယူဗင်းကို အဓိပ္ပါယ်ပါပါကြည့်သည်။
လူငယ်လေးမဟုတ်တော့တာတောင်
မေမေ မိသွားသည်က ဂယူဗင်းကို
စိတ်မသက်မသောင့်ဖြစ်စေသည်။
သူနှင့် ရစ်ခီကြားက ဆက်ဆံရေးကို
အိမ်ကလူတွေကို မရိပ်မိသွားစေချေ။"မေမေ မအိပ်သေးဘူးလား"
"အိပ်တော့မလို့ သားအဖေ ညတစ်ရေးနိုးရင်
ရေထတောင်းတတ်လို့ ရေလာဖြည့်တာ""မေမေ ထိုင်နေလေ ကျွန်တော်လုပ်ပေးမယ်"
မေမေကို ထိုင်စေပြီး ဂယူဗင်းသည် မေမေလက်ထဲက ရေဗူးကိုယူကာ ရေဖြည့်ပေးသည်။ ရေဘူးကို
မေမေဆီ ပြန်ပေးလိုက်တဲ့အထိတောင်
မေမေသည် ထိုင်ခုံကမထသေး။