"ဂယူဗင်း"
စာရွက်စာတမ်းတွေကြား ခေါင်းစိုက်နေသည့်
ဂယူဗင်းသည် သူ ၀င်လာတာကိုမြင်တော့
ခေါင်းမော့ကြည့်၏။စာကြည့်မျက်မှန်ကိုချွတ်ပြီး
ရစ်ခီ အနားထိလျှောက်လာပုံက
ပိုင်စိုးပိုင်နက်နိုင်လွန်းသည်။" ငါ မင်းကို ပြောစရာရှိလို့"
မျက်မှောင်ကြုတ်ပြီး သူ့ကို ကြည့်နေတာကို
ရစ်ခီသည် မသိချင်ယောင်ဆောင်ထားလိုက်သည်။"ငါ အတန်းဖော်ဟောင်းတွေ့ဆုံပွဲသွားချင်လို့ "
လက်သွယ်သွယ်လေးကို ဂယူဗင်းလည်တိုင်ပေါ်
တင်လိုက်တော့ ခါးကို ပွေ့ဖက်လာသည့် လက်တွေ။" ဒီလိုတွေလာချွဲလည်း မရဘူး ရစ်ခ်"
"ကျစ်! စောက်ရူးရဲ့ ဘယ်နေ့သွားမှာလဲ ဘယ်မှာလဲ ဆိုတာကို အရင်မေးပါဦးလား အတင်းကို ဇွတ်ငြင်းနေတာပဲ"
ခါးပေါ်က လက်ကိုဖယ်ချတော့ ဂယူဗင်းက သဘောမတွေ့သလို လက်ပေါ်မှာ အားထပ်ထည့်လိုက်သည်။
"ဒီနှုတ်ခမ်းလေးလား ကိုယ့်ကို စောက်ရူးလို့ခေါ်တာ"
အားကုန်သုံးပြီး တင်းတင်ပိတ်ထားသည့်
နှုတ်ခမ်းလွှာတွေကို ဂယူဗင်းသည်
ဘယ်လိုမှမခွဲလို့မရ။နာအောင်လည်း မလုပ်ချင်တော့ နှုတ်ခမ်းပါးလေးကို ဖွဖွလေးသာ ဖိကပ်နေမိသည်။"ကင်ဂယူဗင်း!"
"ကိုယ့်ကိုပြော ဘယ်နေ့သွားမှာလဲ "
ပိုပိုသာသာ ဂယူဗင်းရင်ခွင်ထဲကိုမှီချတော့ ဂယူဗင်းနှုတ်ခမ်းစွန်းတွေသည် ကော့တက်သွားသယောင်။
"ဒီတစ်ပတ်စနေနေ့"
"ရစ်ခ်"
အလိုမကျသည့်ဟန်။ ထပ်ပြီး ရန်ဖြစ်ရဦးမည်ထင်သည်။သူ နဲ့ ဂယူဗင်း အိမ်ထောင်ရေးသည် ရန်ဖြစ်သည်။ဂယူဗင်းက မထိတထိပြန်ချော့သည်။ တစ်ခါတစ်လေ ရစ်ခီကစပြီး ရန်ရှာတာကို
ဂယူဗင်းက ပြန်ဖြေရှင်းသည်နဲ့
လုံးလည်ချာပတ်လိုက်နေတတ်သည်။"ဒီတစ်ပတ်စနေနေ့က ဘာနေ့လဲ မမှတ်မိဘူးလား"
ဂယူဗင်းအပြောကြောင့် ရစ်ခီမှာ ခေါင်းပေါက်မတတ်စဥ်းစားလိုက်ရသည်။ သူ့မွေးနေ့ မဟုတ်၊
ဂယူဗင်း မွေးနေ့ အဲတာလည်း မဟုတ်။