"မြန်မြန်စီစဥ်သင့်တာပေါ့ ကလေးတွေကလည်း
သဘောမတူတော့တာမှမဟုတ်တာ"" အမေ့ကျန်းမာရေးကလည်းရှိသေးတော့
သူ့မြေး မင်္ဂလာဆောင်လေးတက်နိုင်တဲ့အချိန်
ဆောင်ပေးချင်တာ ""ဒါပေါ့ရှင်"
လူကြီးတွေ စီစဥ်နေတာကို ထိုင်နားထောင်ရင်း
ရစ်ခီသည် ကိုယ်နဲ့မဆိုင်သလိုနေနေလိုက်သည်။
ကင်ဂယူဗင်းသည် သူ့စကားအတိုင်း လက်ထပ်ပွဲကို
ဖြစ်မြောက်အောင် စီစဥ်နိုင်ခဲ့သည်။ပြုံးပျော်ပြီး အားကြိုးမာန်တက်ဖြစ်နေသည့် နှစ်ဖက်မိဘနှင့်
အောင်နိုင်သူတစ်ယောက်လို ပြုံးနေသည့်
ကင်ဂယူဗင်း။ရစ်ခီကတော့ ဒီပတ်၀န်းကျင်သည် သူ နဲ့
မဆိုင်သလို ခံစားလာရသည်။"ရှန်ရှန် ဘာဖြစ်လို့လဲ"
ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်တော့
ဘေးက မားမားက မေးလာသည်။"သား သန့်စင်ခန်းသွားမလို့"
ပါးစပ်က အကျင့်ပါနေတဲ့ သား လို့သုံးနှုန်းလိုက်တာကြောင့် ဂယူဗင်း မေမေက ပြုံးပြီးကြည့်လာပြီး၊
ကင်ဂယူဗင်းကတော့....ရစ်ခီ သူ့ကိုတော့ မကြည့်မိ။ ဒီတိုင်းသာ ထွက်လာလိုက်သည်။အနောက်ကလိုက်လာသည့် ခြေသံကို သိသိသာသာ လျစ်လျူရှုထားရင်း သန့်စင်ခန်းကိုသာ ဦးတည်လာလိုက်သည်။အခန်းထဲလည်းပြန်မသွားချင်
တာကြောင့် လက်ကိုသာ ထပ်ခါ ထပ်ခါ
ပွတ်တိုက်ပြီးဆေးနေလိုက်သည်။"အဲလိုဆက်ပြီးဆေးနေရင် လက်လှလှလေး
ပျက်စီးသွားမှာမကြောက်ဘူးလား"ဘေးက သန့်စင်ခန်းနံရံကို မှီပြီး ဂယူဗင်းက
စကားစလာသည်။ ရစ်ခီသည် စိတ်အနှောင့်ယှက်ဖြစ်သလို မျက်မှောင်ကြုတ်ပြီး လက်ကိုသာ
ရေစင်အောင် ခါနေမိသည်။"ရော့ ဒီမှာ"
ဂယူဗင်းက တစ်ရှူးကိုယူပြီး ရစ်ခီကို
ကမ်းပေးလာသည်။ရစ်ခီ သည် မယူ။
ဂယူဗင်းအနောက်က တစ်ရှူးဗူးကိုသာ
လှမ်းပြီး ယူသည်။ ဂယူဗင်းသည် ခန္ဓာကိုယ်နဲ့
ရစ်ခီ မယူနိုင်အောင် ကာထားသည်။ ထိုမှသာ ရစ်ခီသည် ဂယူဗင်း မျက်လုံးကို စေ့စေ့ကြည့်လာသည်။