တစ်နေ့တစ်နေ့ လုပ်ချင်တာလုပ်ရပြီး၊
ဘယ်သူမှ ဘာမှမပြောပေမဲ့ ရစ်ခီ စိတ်ထဲ
မလွတ်လပ်သလိုခံစားနေရသည်။
နေ့တိုင်း ညနောက်ကျမှပြန်လာပြီး၊မနက်ဘာမှ
ထမချက်လည်း ကင်ဂယူဗင်းသည်
သူ့ကိုဘာတစ်ခွန်းမှပြောမလာ။
စျေးကြီးပါသည်ဆိုသည့်အသုံးဆောင်တွေကို
ပေါပေါသောသော၀ယ်လာလည်း ကဒ်ထဲက
ပိုက်ဆံတွေလျှော့သွားလား၊မလျှော့သွားလားဆိုတာကို ကင်ဂယူဗင်းကဂရုစိုက်ပုံမပေါ်။အခုလည်း ဧည့်ခန်းထဲ ငူငူငိုင်ငိုင်
ထိုင်နေရုံကလွဲလုပ်စရာမရှိသည့်အဆုံး
အပြင်သွားဖို့သာ ပြင်လိုက်တော့သည်။
မိနစ် ၃၀လောက် ရေချိုး၊မိုးချိုး ပြင်ဆင်လိုက်ပြီး
မှန်ရှေ့မှာ ကိုယ့်ကိုကိုယ့်စိတ်တိုင်းကျသည််
အချိန်ရောက်မှ ရစ်ခီပြင်ဆင်တာပြီးဆုံးသည်။ကားသော့ နဲ့ ဖုန်းကို ရှာတော့ ကားသော့ကိုတော့
တွေ့ပြီး၊ဖုန်းကိုတော့ ရှာလို့မတွေ့။အခန်းထဲ
နေရာအစုံလှည့်ပတ်ရှာလိုက်တော့မှ နောက်ဆုံး တံခါးနားက ဗီရိုအပုလေးပေါ်မှာတွေ့သည်။ဖုန်းကို ဖွင့်ကြည့်လိုက်တော့ ဂယူဗင်းခေါ်ထားသည့် ဖုန်းကောလ်များစွာ။ရစ်ခီသည် မထင်မှတ်ထားတာကြောင့် အထူးအဆန်းတော့ဖြစ်သွားသည်။
ကင်ဂယူဗင်း နှင့် သူသည် ဖုန်းကိုဒီလောက်ထိ
ခေါ်ရမည့်ဆက်ဆံရေးမရှိ။
ဒါပေမဲ့လည်း ထူးဆန်းနေတာမို့လို့ ရစ်ခီသည်
ဖုန်းပြန်ခေါ်လိုက်ပါသည်။ပထမတစ်ကြိမ်ခေါ်တော့ မကိုင်၊ဒုတိယအကြိမ်ခေါ်ပြန်တော့လည်း မကိုင်၊တတိယအကြိမ်ခေါ်တော့လည်း လက်ခံဖြေဆိုတဲ့သူမရှိတာကြောင့်
ရစ်ခီသည် ထပ်မခေါ်တော့။"ဘာကောင်လဲမသိဘူး"
ကြည်လင်နေသည့် စိတ်လေးတောင်ပျောက်ပြီး အနည်းငယ်နောက်ကျိသွားသည်။
"အစ်ကိုလေး "
အိမ်ရှေ့တံခါး၀အနား ရောက်ခါနီး လှမ်းခေါ်သည့် အိမ်အကူ အဒေါ်ကြောင့် ရစ်ခီသည် ခြေလှမ်းတွေကို ရပ်တန့်မိသည်။
