ရစ်ခီသည် နိုးနိုးချင်း ထထိုင်ကာ ဘေးကို
ကြည့်လိုက်တော့ ဂယူဗင်းသည် ရှိမနေတော့။
မနေ့ညက ဒီအိမ်ကိုရောက်ရောက်ချင်း ရစ်ခီက ပင်ပန်းလို့ တန်းအိပ်လိုက်ပြီး ဂယူဗင်းကတော့
၀င်မလာချေ။ဘေးက နာရီကိုကြည့်လိုက်တော့ ၁၀ နာရီခွဲပြီး
စွန်းစွန်း၊ ထိုမှသာ ရစ်ခီသည် မိဘတွေကို
လေဆိပ်လိုက်ပို့မယ်လို့ ပြောထားတာကို
သတိရပြီး ဝုန်းကနဲ ကုတင်ပေါ်က
ခုန်ဆင်းမိလေသည်။ကိုယ့်ကိုကိုယ် အားမလိုအားမရနဲ့ နဖူးကို တစ်ချက်ရိုက်ပြီး အောက်ထပ်ပြေးဆင်သည်။အခုချိန်သွားရင် မှီပါ့ဦးမလားဆိုတာကို မပြောတတ်။
ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ ဆင်းလာသည့် ရစ်ခီကို
ဂယူဗင်းသည် ဧည့်ခန်းထဲထိုင်နေရင်း
တစ်ချက်လှမ်းကြည့်သည်။အစက ကုမ္မဏီကို
သွားမလို့ပေမဲ့ ရစ်ခီ တစ်ယောက်တည်း
ကြောင်တောင်တောင် ကျန်ခဲ့မှာစိုးလို့ ဒီနေ့တစ်ရက်တော့ အိမ်မှာ နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။"နိုးပြီးလား အန်တီနဲ့ အန်ကယ်က အခုလောက်ဆို လေယာဥ်ပေါ် တက်သွားလောက်ပြီထင်တယ်
မနက်က ကိုယ်စီ ဖုန်းလှမ်းဆက်ပြီး မင်းကိုမနှိုးနဲ့
သူတို့ဘာသာပဲ သွားလိုက်မယ်ဆိုပြီး လှမ်းပြောလို့ ကိုယ်မနှိုးတော့တာ"စိတ်ရှုပ်ရှုပ်နဲ့ သူ့ခေါင်းသူ ကုတ်နေသည့် ရစ်ခီကို
ဂယူဗင်း ကြည့်နေလိုက်သည်။"မျက်နှာသစ်၊သွားတိုက်ပြီး ပြန်ဆင်းလာခဲ့လိုက် ကိုယ် မင်း စားဖို့ မနက်စာ ပြင်ထားလိုက်မယ်၊ ပြီးတော့ ကိုယ်တို့ တချို့အကြောင်းလေးတွေလည်း ဆွေးနွေးကြတာပေါ့"
သူ့ကို ကျော်ပြီး မီးဖိုခန်းထဲ၀င်သွားသည့်
ဂယူဗင်းကို ရစ်ခီလိုက်ကြည့်နေမိသည်။အခုလို
ထသွားထလာ ၀တ်စုံ၀တ်ထားတော့လည်း
ကင်ဂယူဗင်းသည် အရှိန်အဝါကင်းလျက် သူလို၊ကိုယ်လို လူငယ်လေးတစ်ယောက်လို။
.
.ရစ်ခီ ပြန်ဆင်းလာတော့ ထမင်းစားပွဲမှာ
မနက်စာအသင့်ဖြစ်နေပြီ၊တစ်ပန်းကန်တည်း
မဟုတ်ဘဲ နှစ်ပန်းကန်ဆိုတော့ ဂယူဗင်းပါ
သူနဲ့ အတူတူစားမလို့လို့ ထင်ရသည်။