ဂယူဗင်း နဲ့ ပြဿနာဖြစ်ပြီးနောက် ရစ်ခီ
စိတ်အခြေအနေသည် အတော်လေးဆိုးရွားလျက်ရှိသည်။နဂိုကတည်းက မေးထူးခေါ်ပြော
ဆက်ဆံရေးသည် အခုဆို နှစ်ယောက်သား
မျက်နှာချင်းပင် မဆိုင်တော့။အိမ်တွင်း
အခြေအနေသည် အတော့်ကို ရုပ်ပျက်ဆင်းပျက်။ရစ်ခီသည် ဒီရက်ပိုင်းအတော်ကို စိတ်ပင်ပန်း၊
လူပင်ပန်း။ တစ်ခါတစ်လေအပြင်ထွက်ပေမဲ့
အရင်ကလောက် စိတ်မပါတော့။သူငယ်ချင်းကိုလည်း အကျိုးအကြောင်းရှင်းပြပြီး
ရစ်ခီကပဲ တောင်းပန်လိုက်ရသည်။စိတ်ထဲမှာတော့ အိမ်ကို လွမ်းသည့်စိတ်သည်
သိသိသာသာ ပိုတိုး၀င်လာသည်။
ရင်ဖွင့်စရာအဖော်လည်းလိုချင်သည်။
ဒီအခြေနေကနေလည်း အမြန်ပင်ရုန်းထွက်ချင်သည်။စိတ်ပင်ပန်းတော့ လူကလည်းမဟန်တော့။
ရစ်ခီ ဒီရက်ပိုင်းလုပ်နေမိသည်က ငေးမှိုင်တာနဲ့
လှဲလျောင်းတာပဲဖြစ်မည်။"အစ်ကိုလေး တစ်ခုခုစားချင်လား
ဒေါ်ဒေါ် ချက်ပေးရမလား"ဒေါ်ဒေါ်သည် ရစ်ခီ ကိုစိတ်ပူနေမှန်းသိသာသည်။
အမြဲ မျက်စိထောင့်ဒေါက်ကြည့်ပြီး
ဘာလုပ်ပေးရမလဲ လိုက်မေးတတ်သည်။ လူကြီးကို စိတ်ပူအောင်မလုပ်သင့်မှန်းသိပေမဲ့လည်း ရစ်ခီ ကိုယ်တိုင်က တခြားသူအတွက် မတွေးပေးနိုင်သေး။"တော်ပါပြီ ကျွန်တော် ဒီရက်ပိုင်း
စားချင်စိတ်သိပ်မရှိလို့"မျက်နှာမကောင်းသည့် အစ်ကိုလေးကို ကြည့်ပြီး သူမ သည်လည်း စိတ်ထဲမကောင်း။
အရင်ကထက်စာရင် သိသိသာသာ ငြိမ်ကျသွားပြီး မျက်နှာလေးလည်း ချောင်သွားသည်။
ကာယကံရှင် နှစ်ယောက်အခြေအနေကိုကြည့်ပြီး ဘေးလူဖြစ်သည့် သူမ ကတော့
သက်ပြင်းချရုံသာလုပ်နိုင်သည်။
-
-
"ရစ်ခီ ဒီနေ့ရော အစားစားလား"ဂယူဗင်းသည် တင်းကြပ်နေသည့် နက်ကတိုင်ကို
ဆွဲလျော့လိုက်ပြီး အိမ်ထဲ၀င်၀င်လာခြင်း မေးသည်။
အိမ်နောက်ထပ်မှာမရှိပုံထောက်ရင် ရစ်ခီသည်
သူ့ပြန်လာမှန်းသိလို့ အပေါ်ထပ်တက်သွား
တာဖြစ်မည်။ မျက်နှာချင်းမဆိုင်နိုင်ချင်မှန်း
ခန့်မှန်းမိသော်လည်း ရစ်ခီ အပြုအမူတွေသည်
အဆူခံထားရလို့ စိတ်ကောက်နေသည့်
ကလေးတစ်ယောက်လို။ချက်ချင်းသာ သွားချော့လိုက်ရင် ပုန်ကန်လာမှာဖြစ်ပြီး နောက်ပိုင်း ဘာပြောပြောအရာတွင်တော့မည်မဟုတ်။
![](https://img.wattpad.com/cover/367176458-288-k119939.jpg)