12

775 109 24
                                    

အိပ်တစ်၀က်၊နိုးတစ်၀က်အ​ခြေ​နေမှာ
မျက်လုံးမဖွင့်ဘဲ ဟိုလိမ့်၊ဒီလိမ့်လုပ်​​နေ​တော့
ကုတင်တစ်ခုလုံးသည် သူ့အပိုင်အတိုင်း။
ကုတင်အစွန်းက ရုတ်တရက် နိမ့်ကျသွားတာကို ခံစားလိုက်ရ​တော့ ရစ်ခီ ဖျက်ကနဲ မျက်စိဖွင့်ကြည့်မိသည်။

"နည်းနည်းထပ်အိပ်ဦး​လေ "

ဂယူဗင်းသည် အ​ပေါ်ပိုင်းဗလာနဲ့
ကုတင်အစွန်း​မှာထိုင်ကာ သူ့ အား
ကြည့်​နေသည်။ ဂယူဗင်းရဲ့ ဒီလိုပုံသည်
ရစ်ခီ ကို​စော​စောစီးစီး အ​နေရခက်​စေသည်။ ​ယောကျာ်းချင်းခန္ဓာကိုယ်မြင်ရတာ ကိစ္စမရှိ​ပေမဲ့
ဂယူဗင်းသည် သူ့အမျိုးသားမလား။

"မင်း နိုး​နေတာကြာပြီလား"

ရစ်ခီသည် ​ဘေးက​ခေါင်းအုံးကို ယူကာ
ဖက်ထားလိုက်သည်။သူ ခဏ​တော့ ​
မှေးချင်​သေးသည်။ ဂယူဗင်းထံမှာ
ရယ်သံတိုးတိုး​လေးထွက်လာပြီး​နောက်
ရစ်ခီ ခန္ဓာကိုယ်ထက် ​စောင်​​လေးတစ်ထည်
ဖုံးလွှမ်းသွားသည်။ထို​စောင်ကို ရစ်ခီသည်
မျက်လုံး​အောက်အထိ ဆွဲယူခြုံလိုက်သည်။
ဂယူဗင်း ​ရေ​မွှေးနံ့​လေးသည် ခပ်သင်းသင်း။
ရစ်ခီသည် ရင်းနှီး​နေ​ပေမဲ့ နည်းနည်းအလိုမကျသလို ထို​စောင်ကို ခန္ဓာကိုယ်​အောက်ထိ ပြန်ဆွဲချမိသည်။
.
.
ရစ်ခီ ပြန်နိုးလာ​တော့ ခန္ဓာကိုယ်တစ်ခုလုံး ​
ချွေး​တွေ ရွှဲနစ်​နေသည်။
​ခေါင်းကြီးတစ်ခုလုံး​လေး​နေပြီး ​နေလို့မ​ကောင်း။
ကုတင်​ပေါ် ​ငူငူငိုင်ငိုင်နဲ့ ခဏထိုင်​နေပြီး ​
ရေချိုးကာ၊​ အောက်ထပ်ဆင်းလာလိုက်သည်။ ​​အောက်ထပ်​ရောက်​တော့ ရစ်ခီမိဘ​တွေဆိုသူသည်
ဂယူဗင်းနဲ့ ထိုင်စကား​ပြော​နေသည်။​

"မား ပါး"

ဆေးရုံမှာရှိတဲ့လ​တွေအတွင်း ရစ်ခီမိဘ​တွေဆို
သူသည် ရစ်ခီကို လာအ​ဖော်ပြု​​ပေး​တော့
သူသတိရလာကာစ​လောက်​တော့
စိမ်း​နေတာမဟုတ်​တော့။

"နိုးပြီလား ရှန်ရှန် "

မားမားသည် သူ့အနားလာပြီး လက်ကိုဆွဲယူကာ ကိုင်သည်။ ဂယူဗင်းကိုကြည့်လိုက်​တော့
ပြုံးပြီးသာ သူ နဲ့ မားမားကိုကြည့်​နေသည်။

U HAVE MY HEARTWhere stories live. Discover now