11

801 113 31
                                    

ပြတင်း​ပေါက်က​နေ တွန်း၀င်လာတဲ့ ​
နေ​ရောင်ခြည်က လက်ကနဲ။
အလင်း​ရောင်စူးစူး​ကို မခံနိုင်မှာဆိုးလို့
ဂယူဗင်းက ထပြီး လိုက်ကာကို ဆွဲတဲ့အချိန်
မျက်လုံးထောင့်က​နေ တွန့်သွားတဲ့ အရိပ်​ယောင်ကို မြင်လိုက်ရသည်။မယုံနိုင်လို့ ​သေချာ​သွားကြည့်​ပေမဲ့ လှုပ်လာတဲ့ မျက်​ခွံ့​လေး​တွေ။

"လူနာ သတိရလာပြီလား ကျွန်​တော်​ပြောတာကို ကြားရင် မျက်​တောင်တစ်ချက်ခတ်ပြပါ"

ဆရာ၀န်​တွေ၊သူနာပြု​တွေက စစ်​ဆေးပြီး အလုပ်ရှုပ်​နေတာကို ဂယူဗင်းက အ​နောက်က​နေ တိတ်တိတ်​လေး အကဲခတ်​နေမိသည်။ လှဲ​နေသည့်
လူနာအ​ခြေ​နေကိုလည်း ဂယူဗင်းက
တစ်ချက်လှမ်းကြည့်သည်။

ပြန်​ကောင်းလာပြီး၊ အားလုံးပုံမှန်ဖြစ်သွားရင်
သူ့အနားမှ ​နေပါ့မလား။ သူ့မိဘ​တွေဆီ ပြန်သွားမှာလား။အဲခါကျရင်​ရော သူ့ ပြန်​တောင်းပန်ရင် ရစ်ခီ
လက်ခံပါ့မလား။​သေချာတယ် လက်မခံ​လောက်။

မုန်းသွားမလားဆိုသည့် စိုးရိမ်စိတ်​ကြောင့်
တံ​တွေး အသာမျိုချရင်း ​​ခြေလှမ်း​တွေကို
​ရှေ့မတိုးမိ။ ဂယူဗင်း​ကြောက်ပါသည်၊အမုန်း​တွေကို
လက်ခံရမှာကို​ရော ဥ​ပေက္ခာ​တွေနဲ့ ​နေရမှာကို​ရော။
တုန်လှုပ်​နေသည့် စိုးရိမ်စိတ်ကို အသာထားရင်း
​ရေတစ်ခွက် သွားခပ်သည်။ အခုမှသတိရလာတာဆို​တော့လည်​ချောင်း​တွေ​ခြောက်​နေမှာ။

"​ဒေါက်တာ ကျွန်​တော်က ဘယ်သူလဲဆိုတာသိလား"

​ရေခပ်​နေသည့် ဂယူဗင်း လက်​တွေတွန့်ကနဲ။
မယုံနိုင်တဲ့ မျက်လုံး​တွေနဲ့ လှည့်ကြည့်မိ​တော့၊ဆရာ၀န်​တွေကလည်း အ​ကြောင်သား။

"ရစ်ခ် ကိုယ်ကို​ရော မှတ်မိလား"

ဂယူဗင်းက မရဲတရဲ။

​ခေါင်း​လေး ခါရမ်းလိုက်တာကို မြင်​တော့ ဂယူဗင်းက
ကုတင်တန်းကို ကျစ်ကျစ်ပါ​အောင် ဆုပ်ကိုင်ထားမိသည်။အခု​နေများ မထိန်းထားနိုင်ရင် ဂယူဗင်းက ကြမ်းပြင်​ပေါ်ထိုင်ချပြီး ပြိုလဲမိတော့မည်။

မျက်လုံးဝိုင်း​​လေး​တွေက လိမ်ညာ​နေခြင်းမဟုတ်ဘူးဆိုတာကို တခြား​သူတွေထက်စာရင် ဂယူဗင်းက
ပိုသိသည်။ ရစ်ခီအ​ကြောင်းဆို ကင်ဂယူဗင်းက ​​
နော​ကျေ​လုနီးပါးဖြစ်​နေပြီ။​ဆရာ၀န်​တွေစစ်​​ဆေး​နေတာကို ခံရင်း မျက်လုံးအဝိုင်းသား​လေးနဲ့
လိုက်ကြည့်​နေတဲ့ ရစ်ခီ ကို့မြင်ပြီး ဂယူဗင်းက ​
ခြေ​တောင်မခိုင်ချင်​တော့။

U HAVE MY HEARTWhere stories live. Discover now