ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည့်
ပါးပါးက်ို ကြည့်ပြီး ရစ်ခီ စိတ်ညစ်ညစ်နဲ့
ခေါင်းကုတ်မိသည်။မနေ့ညက ပါတီအပြန် နောက်ကျလို့ သူ အိပ်ရတာ ၃နာရီတောင်မရှိသေး။
ဒါကို ပါးပါးက အထူးဆန်းလုပ် ပြောစရာရှိတယ်ဆိုလို့ စိတ်ညစ်ညစ်နဲ့ ထိုင်စောင့်နေရသည်။
ပြောစရာရှိတာလည်း တန်းပြောတာမဟုတ်။
ဘာတွေ ဟန်ရေးပြနေမှန်းမသိ၊သားအဖတွေပဲကို။
ရစ်ခီက မြန််မြန်နားထောင်ပြီး ပြန်အိပ်ချင်နေပြီ။"ပါးပါး သားကို ခေါ်ထားပြီး ဘာပြောမလို့လဲ"
ရစ်ခီ ကျလာသည့် နှာရည်တွေကို ရှိုက်လိုက်သည်။
သူသည် ရှန်အိမ်တော်ရဲ့ တစ်ဦးတည်းသော
သားလေးမို့လို့ ဆိုးတာ၊ဂျစ်တာလောက်တော့
အပြည့်အ၀ လုပ်နိုင်သည်။"မင်းမားမား ကို စောင့်နေတာ"
ရစ်ခီသည် မနိုင်သလိုခေါင်းခါမိသည်။ ရှန်အိမ်တော်ရဲ့ အိမ်ထောင်ဦးစီးက ပါးပါးရှန်ဆိုပေမဲ့
သေချာပေါက် အာဏာအရှိဆုံးကတော့ မားမားပေါ့။"မားမားက ဘယ်သွားလို့လဲ"
"မင်း အမေးမြန်းထူလိုက်တာကွာ
ငါလည်း ဘယ်သိမလဲ"ရစ်ခီသည် 'အော်' လို့သာ ရေရွတ်နိုင်သည်။
"တွေ့လာပြီ "
အိန္ဒြေကြီးသည့် မားမား သည် သုတ်သုတ်နဲ့
ပြေးလာလို့ အိမ်တော်တစ်ခုလုံးက ၀န်ထမ်းတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ပါးပါးသည်လည်း အခုမှ ဆိုဖာမှာ ဟိတ်ဟန်အပြည့်နဲ့ ထိုင်ချသည်။ခုနက ပြာယာခတ်နေတာသူ
မဟုတ်သလို။ဒီအိမ်မှာ ပုံမှန်အတိုင်းရှိနေတာ
သူ တစ်ယောက်ပဲရှိတာလားလို့ တွေးယူနေရသည်။မနေ့ညက အရက်အလွန်အကြူးသောက်လာတာ
သူပေမဲ့ ဘာလို့ ပါးပါး နဲ့ မားမားက
မူးနေတယ်ဆိုသည့် ခံစားချက်ရနေမှန်းမသိ။"ရှန်ရှန် လာကြည့် လာ"
ကြီးမားလှသည့် ဆိုဖာကြီးပေါ်မှာ မားမားသည်
ရစ်ခီ ဘေးအစွန်းတစ်ဖက်မှာ ထိုင်သည်။
ကိုယ်ကိုကိုင်းပြီး ကြည့်သော်လည်း မမြင်ရလို့
ဘေးတိုးကြည့်ရသည်။