2

1K 125 10
                                    

ရစ်ခီ ကိုရီးယားမှာ​နေတာ (၃)ရက်ရှိ​နေပြီ။​
ဟိုတယ်မှာ​နေဖို့ထက် ​ကျောင်းလာတက်တုန်းက
၀ယ်ထားသည့် တိုက်ခန်း​လေးမှာပဲ ​နေဖြစ်သည်။​
နေ့တိုင်း ကျောင်းတုန်းက သူငယ်ချင်း​ဟောင်း​တွေ
ဆီ သွားလည်လိုက်၊​ရှော့ပင်းထွက်လိုက်နဲ့
အားတယ်လို့မရှိ။

အိမ်ကို​တော့ ဘာ​နေ​နေလက်မထပ်နိုင်ဘူးဆိုပြီး
ဖုန်းဆက်တိုင်း ငြင်းဖြစ်သည်။ကင်ဂယူဗင်းကလည်း သူ့ကို အဆက်သွယ်လုပ်မလာတာ​ကြောင့် ရစ်ခီ ကိုယ်တိုင်​​တောင် ​မေ့​မေ့​ပျောက်​ပျောက်ဖြစ်​နေပြီ။

ဒီ​​နေ့လည်း ညကျရင် ချိန်းထားတာတစ်ခုရှိတာမို့လို့
မှာထားသည့် အစား​သောက်​တွေကို​စောင့်ရင်း
ဒရမ်မာတစ်ကားထိုင်​​ရွေး​နေလိုက်သည်။
အဲဒီအကျင့်ကလည်း ကိုရီးယားမှာ ​
ကျောင်းလာတက်တုန်းက ရခဲ့တာဖြစ်ပြီး
တစ်​​ယောက်တည်း ထမင်းစားချိန််ဆို
ဒရမ်မာတစ်ကား​လောက်​တော့ ကြည့်လိုက်ရမှ၊မဟုတ်ရင် စား​နေတာက အရသာမရှိသလို
ခံစားရသည်။

ဘာကားကြည့်ရမလဲ ​ရွေး​နေရင်း တံခါးဘဲလ်မြည်လာတာမို့လို့ ဇ​ဝေဇဝါနဲ့ တံခါးထဖွင့်ဖို့လုပ်ရသည်။မှာထားတာ​တောင် မကြာ​သေးတာကို လာပို့တာ
မြန်​နေ​တော့ ရစ်ခီ​တောင် အံ့သြ​နေရပြီ။

ဒါ​ပေမဲ့ တံခါးဖွင့်ဖွင့်ချင်း ရှေ့မှာ
မိန့်မိန့်ကြီးရပ်​​နေတာက ကင်ဂယူဗင်း!

ကျစ်!ဒီဂြိုဟ်ဆိုး​ကောင်က​တော့!

"မင်းဒီကို.."

"သား​လေး"

အားရပါးရ ရန်​တွေ့ဖို့ လုပ်​နေသည့် ရစ်ခီ သည်လည်း ပြူး​ကြောင်​ကြောင်ဖြစ်သွားရသည်။
ဂယူဗင်း​နောက်က​နေ ထွက်လာသည့်
ဦး​လေးနဲ့ အန်တီကြီး။

ကင်ဂယူဗင်းကိုလှမ်းကြည့်​တော့ အပြုံး​သေး​သေး​လေးပြုံးပြသည်။​သေချာ​ပေါက် သူ့ကို ​
လှောင်သည့် အပြုံး​ပေါ့။

"ဟုတ်ကဲ့ ဘယ်သူ"

ရစ်ခီသည် အရဲစွန့်ပြီး ​မေးကြည့်သည်။​
ကင်ဂယူဗင်းနဲ့ ရုပ်ဆင်တဲ့ ဦး​လေးကို
မမြင်ချင်​​ယောင်​ဆောင်ရင်း​ပေါ့။

U HAVE MY HEARTWhere stories live. Discover now