ဆေးရုံစင်္ကြံမှာခေါက်တုံ့ခေါက်ပြန် လျှောက်နေ
ပေမဲ့ အရေးပေါ်ခန်းရှေ့ထိ ရစ်ခီ မသွားနိုင်။
အဘွားအခြေအနေဘယ်လိုလဲ ရစ်ခီ မသိ။သူတို့ရန်ဖြစ်နေတာကို အဘွားက ကြားသွားတာလား။မဟုတ်မှလွဲရော သူ ပြောသမျှ အကုန်
ကြားသွားလို့လား။ ဒါလည်း သိပ်တော့မဖြစ်နိုင်။
သူနဲ့မဆိုင်မှန်းသိ သည့်တိုင်အောင် သူ
အပြစ်မကင်းသလိုခံစားနေရသည်။ရစ်ခီ ဘ၀သည် ကံဆိုးမိုးမှောင်ကျနေသလို၊
အဘက်ဘက်က သူ့ကို အသက်ရှုကြပ်သည်အထိ ဝိုင်းနှိပ်စက်နေသည့်အတိုင်း။ အချစ်မပါသည့်
အိမ်ထောင်ရေး၊ အတ္တကြီးသည့် ခင်ပွန်းသည်၊
သူခံစားလိုက်ရသည့် ကားတိုက်မှုကတစ်ဆင့် မှတ်ဉာဏ်တွေတောင် ဆုံးရှုံးသွားခဲ့သေးသည်။
အခု အဘွား ဆေးရုံတင်ရသည်အထိတောင်။
သူကိုက ကံဆိုးကောင်ဖြစ်နေတာပဲလား။
သူ့ဘေးက အရာအားလုံးက ကံဆိုးမိုးမှောင်ကျဖို့
ကံပါနေသည်လားဆိုတာ ရစ်ခီ မသိတော့။"ရစ်ခ်"
"ဂယူဗင်း ဘွားဘွား ဘယ်လိုနေသေးလဲ"
အားကိုးတွေ့သွားသလို ဂယူဗင်း အင်္ကျီစကို ဆုပ်ကိုင်မိသည်။ အဖြေပြန်မျှော်နေသည့်
မျက်လုံးလေးတွေက ဘယ်အချိန်မဆို
ကြွေကျသွားနိုင်သည့် ကြယ်တာရာ
အစုအဝေးတစ်ခုအတိုင်း။"ဂယူဗင်း?"
တုန်ရီနေသည့် အသံသည် ရစ်ခီ ဘယ်လောက်
ထိတ်ပြာနေလဲဆိုတာ ဂယူဗင်း ခံစားမိသည်။"မေမေက မင်းကို အိမ်ပြန်ပြီး နားလိုက်တော့တဲ့ ကိုယ် လိုက်ပို့ပေးမယ်"
ဂယူဗင်းသည် ကြောက်နေတဲ့ကလေးကို
ထပ်မခြောက်ချင်။သို့သော် နည်းနည်းလေးတော့ ဆုံးမဖို့လိုနေသည်လေ။"ဘွားဘွားကရော"
"ဘာမှသေချာမပြောနိုင်ဘူး စောင့်ကြည့်ရဦးမယ့်
အခြေအနေတဲ့""ပြန်တော့ကောင်းလာမယ်မလား"
"ကိုယ်မသိဘူး ရစ်ခ်၊ဘွားဘွား အခြေအနေက
နဂိုကတည်းက အားနည်းနေတာ ဒီရက်ပိုင်း
ပိုပြီး ဂရုစိုက်ဖို့လိုနေတဲ့အခြေအနေ အခုရောဂါထဖောက်တော့ ဘာဖြစ်မလဲ ကိုယ်မပြောတတ်ဘူး
ပြန်ရအောင် မင်းကို လိုက်ပို့ပြီး ကိုယ်ပြန်လာရမယ် "