"ဘယ်သူနဲ့ တွေ့ချင်လို့လဲရှင့်
"ကင်ဂယူဗင်းနဲ့ တွေ့ချင်လို့ပါ"
ဒီတိုင်းသာ ဆက်ထိုင်နေရင် ရစ်ခီသည်
တကယ်ကြီး ကင်ဂယူဗင်းနဲ့ မင်္ဂလာခန်းမထဲ
၀င်ရတော့မယ့် အခြေနေမှာရှိနေသည်။"ကြိုပြီး ချိန်းထားလားရှင့်"
ကြိုပြီး ချိန်းဖို့မပြောနဲ့ ဖုန်းနံပါတ်တောင်
ရစ်ခီ ဆီမှာမရှိ။"ချိန်းတော့ မချိန်းထားဘူး ဒါပေမဲ့ ရစ်ခီ လာတယ်လို့ ပြောလိုက်ရင် သူသိတယ်"
"ကြိုပြီးမချိန်းထားရင် CEO နဲ့ တွေ့လို့မရဘူးရှင့် "
ကျစ်!ထိုင်စောင့်နေမယ့် အတွေးကို ရစ်ခီ
လက်လျော့ထားသည်။ နောက်နေ့မှ
ထပ်လာတွေ့ရအောင်လည်း အချိန်မရှိတော့။"ဒါဆို ဒါလေးတစ်ခွန်းပဲ ကင်ဂယူဗင်းကို
ပြောပေးပါလားသူ့ သတို့သားလောင်း
လာတွေ့တယ်လို့""ရှင်"
၀န်ထမ်းမလေးသည် ပြူးကြောင်ကြောင်
ကြည့်လာသည်။လက်ထပ်တာကို ငြင်းဖို့လာကာမှ သတို့သားလောင်း လို့ပြောလိုက်ရသည့် အဖြစ်ကလည်း
နည်းနည်းရယ်ချင်စရာကောင်းသည်။
၀န်ထမ်းမလေး အကြောင်းကြားတာကို စောင့်နေပြီးတော့ မကြာ ရစ်ခီကို "CEO ကတက်လာဖို့ ပြောပါတယ်" ဆိုပြီး ပြန်အကြောင်းကြားလာသည်။ဓါတ်လှေကားရှေ့မှာရပ်ပြီး စောင့်နေပေမဲ့
တစ်ဖက်သီးသန့်ဓါတ်လှေကားကနေ အနောက်တိုင်း၀တ်စုံကို သပ်သပ်ပြန့်ပြန့်၀တ်ထားသည့်
လူတစ်ယောက်ထွက်လာသည်။
ရစ်ခီသည် ထိုလူကို သိသည်။
သူ့ကို လေဆိပ်မှာ လာကြိုတဲ့ တစ်ယောက်။"ဒီဘက်ကို ကြွပါ"
စက်လှေကားကနေ တက်လာပြီး ဂယူဗင်း
ရုံးခန်းရှေ့အရောက် အတွင်းရေးမှူးမလေးတွေသည် ရစ်ခီကို မြင်တော့ ပြုံးစစနဲ့ နှုတ်ဆက်လာသည်။"ကင်ဂယူဗင်း ဒီနေ့တော့ အစည်းအဝေးမရှိဘူး
မလား"နာရီ၀က်လောက်ထိုင်မစောင့်ချင်တော့။