"ဒေါ်ဒေါ် ကျွန်တော်အတွက် ရေတစ်ခွက်
လောက်ခပ်လာပေး"သူ့အချိန်နဲ့ သူ သောက်ရမယ့်ဆေးတွေကို
လက်ဖဝါးထဲဖောက်ထည့်လိုက်တော့
ကုန်ခါနီး ဆေးကဒ်တွေ။ရစ်ခီ အမှတ်မမှားရင် ဆရာ၀န်က နောက်တစ်ခေါက်ပြန်လာပြဖို့
မှာလိုက်သလားလို့။ဒါကိုလည်း ဆေးစာအုပ်မှာ
ရေးပေးလိုက်မယ်ထင်သည်။သို့သော် သူ့အကြောင်းဆို ဂရုတစိုက်ရှိလွန်းလှသည့် ဂယူဗင်းက
နည်းနည်းလေးမှ ဟမလာ။ ထားလိုက်ပါတော့လေ
ဂယူဗင်းက ဒီရက်ပိုင်းအလုပ်တွေများနေပုံထောက်သည်။ အဲတော့ မေ့နေတာဖြစ်နိုင်သည်။"ကျေးဇူးနော် ဒေါ်ဒေါ်"
သူမ ကမ်းလာပေးသည့် ရေခွက်ကို
လက်ခံယူရင်း အစ်ကိုလေးသည် ဆေးတွေကို တစ်ခါတည်း ပါးစပ်ထဲ ထည့်ကာ မော့ချသည်။ စားပွဲပေါ်မှာလည်း ဆေးကဒ်တွေကို ဖွထားလေသည်။"ဒေါ်ဒေါ် ဆေးကဒ်တွေပြန်သိမ်းပေးရမလား"
"ရတယ်ဒေါ်ဒေါ်၊ ဒါနဲ့ အိမ်ရှင်းရင်းနဲ့ ကျွန်တော်ဆေးမှတ်တမ်း တွေ့မိသေးလား"
"မတွေ့မိဘူး အစ်ကိုလေး၊ ဘာဖြစ်လို့လဲ "
"မဟုတ်ဘူး ဒီတိုင်းမေးကြည့်တာ ဆေးတွေကုန်ခါနီးပြီဆိုတော့ ထပ်၀ယ်ရမလား ဘာလားမသိလို့"
လုပ်စရာမရှိတော့ သေးသေးလေးကအစ
ရစ်ခီအတွက်စိတ်၀င်စားစရာကောင်းလှသည်။
ဂယူဗင်းလာရင် မေးလိုက်လို့ရပေမဲ့ သူသည်
အခုကျတော့ ကိုယ်တိုင်ရှာကြည့်ချင်လာသည်။
ဒေါ်ဒေါ်သည် အိမ်အောက်ထပ်ကိုတော့
နေရာအစုံသန့်ရှင်းရေးလုပ်လေ့ရှိတာ သူသိသည်။အဲတော့ အောက်ထပ်မှာ ဆေးစာအုပ်တော့မရှိနိုင်။ အပေါ်ထပ်မှာလည်း ဒေါ်ဒေါ်၀င်ပြီး
သန့်ရှင်းရေးမလုပ်တာဆိုလို့ ဂယူဗင်း
အလုပ်ခန်းနဲ့ ရစ်ခီတို့အိပ်ခန်းပဲရှိတာ။
အိပ်ခန်းကိုတောင် တစ်ပတ်တစ်ခါလောက်တော့
ဒေါ်ဒေါ် ၀င်သန့်ရှင်းရေးလုပ်သည်။အိပ်ခန်းထဲကို ၀င်ရှာကြည့်တော့လည်း
ဆေးစာအုပ်ကိုမတွေ့။ ဗီဒိုတွေထဲမှာပါ
နေရာလပ်မကျန်ရှာကြည့်တော့ ချွေးစေးတွေပါ
ထွက်ပြီး လူကပါ မူးလာသလို။
ကုတင်ပေါ်မှာထိုင်ပြီး အမောဖြေရင်း
ဂယူဗင်း အလုပ်ခန်းထဲကို ၀င်ကြည့်ရင်
ကောင်းမလားလို့ တွေးလိုက်သေးသည်။
ဂယူဗင်း အလုပ်ခန်းထဲကို သူ ဆေးရုံကဆင်းလာ
ပြီးကတည်းက တစ်ခါမှ မ၀င်ဖူးသေးဘူး။
သူလည်း စိတ်မ၀င်စားတာနဲ့ ပြီးတော့ ဂယူဗင်းအလုပ်နဲ့ဆိုင်တာတွေပဲရှိလောက်မယ်ထင်လို့
ရစ်ခီသည် ပျင်းနေရင်တောင် ဂယူဗင်း
အလုပ်ခန်းထဲမသွား။ သို့သော် သူ ၀င်သွားလည်း ကိစ္စမရှိလောက်ဘူးလို့ထင်သည်။