ခပ်ဝါးဝါးထင်နေသည့် ပုံရိပ်တွေသည်
တစ်စုတစည်းတည်း ပေါင်းစပ်သွားသည့်အခါမှာ
ရစ်ခီ ခေါင်းသည် အဆမတန်ကိုက်ခဲလာသည်။ အရမ်းအားလုံးသည် ရုပ်ရှင်ပြကွက်တွေလို
ရစ်ခီ အတွေးထဲမှာ တစ်ခုပြီးတစ်ခု။
ကားတစ်စီးက သူ့ဆီ အရှိန်ပြင်းပြင်းနဲ့
မောင်းလာသည့်အခါမှာ ရစ်ခီ သည်
ဖျက်ကနဲလန့်သွားသည်။ရင်းနှီးနေသည့်
မျက်နှာကျက်ကိုမြင်တော့မှ စိတ်သက်သာရာ
ရသလို ခန္ဓာကိုယ်ကို သတိနဲ့ နေနေတာကို
လျှော့ချလိုက်သည်။ "အစ်ကိုလေး သတိရလာပြီလား"
ဒေါ်ဒေါ်ကိုမြင်တော့ ရစ်ခီ သည်အလန့်တကြား
ထထိုင်ဖို့လုပ်သည်။ ရုတ်တရက်
ထလိုက်သည့်အခါမှ လူက မိုက်ကနဲ။"အဲလို ဇွတ်မထရဘူးလေ ဒေါ်ဒေါ်ကူပေးမယ် "
ရစ်ခီ ကျောနောက်ကို ခေါင်းအုံးထိုးပြီး
သက်သောင့်သက်သာထိုင်လို့ရအောင်
လုပ်ပေးနေသည်။ အခန်းတွင်းမှာ သူရယ်
ဒေါ်ဒေါ်ရယ်ကလွဲ တတိယလူ
အငွေ့အသက်တွေမရှိ။"ရေသောက်လိုက်ဦးနော် တစ်ခုခုစားချင်တာတို့
လိုအပ်တာတို့ရောရှိလား "ရေကို အာစွတ်ရုံသာသောက်လိုက်ပြီး ခေါင်းခါ
ပြလိုက်သည်။ သူ စကားမပြောချင်သေး လူက
နွမ်းလျနေသလို။"ခဏပြန်အိပ်ချင်လား ဆရာ၀န်က အစ်ကိုလေးကိုသွင်းပေးထားတဲ့ ဆေးတွေက အိပ်ချင်လိမ့်မယ်လို့ ပြောတယ်"
"ကျွန်တော်ကို ကူပေးပါလား လှဲချင်လို့"
ဒေါ်ဒေါ်သည် ရစ်ခီ အိပ်လို့ရသည့်အထိ
ပြန်ပြင်ပေးသည်။တကယ်လည်း အိပ်ချင်လာတာမို့လို့ ရစ်ခီ ခဏမှေးနေဖို့ ကြံလိုက်သည်။လူက
အိပ်ချင်နေပေမဲ့ အသိစိတ်က နိုးကြားနေသလို။တံခါးဖွင့်သံ၊လမ်းလျှောက်သံတွေကအစ
အကုန်ကြားနေရပြီး သူ့နဖူးပေါ်ကို ဖျက်ကနဲ
လာထိသည့် လက်အနွေးဓါတ်ကြောင့် ရစ်ခီသည် လက်ကို ပုတ်ထုတ်လိုက်သည်။ဒါကိုတောင် ဘာမှမဖြစ်သလို နေနေသည့်
ကင်ဂယူဗင်းသည် သူ့အတွက်တော့
စိတ်မကြည်မလင်ဖြစ်စရာ အနှောင့်ယှက်တစ်ခုသာသာ။