"ဒါနဲ့ မားမား ဂယူဗင်းအဘွားနဲ့လေ သား
ငယ်ငယ်ကတွေ့ဖူးသေးလား""ငယ်ငယ်ကတစ်ခေါက်တွေ့ဖူးတယ်လေ
နောက်ပိုင်း မတွေ့ဖြစ်ကြတော့ဘူး ဘာလို့လဲ သား""မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာ"
ရစ်ခီသည် မားမားတို့နဲ့ ဖုန်းပြောနေပေမဲ့
အာရုံတွေက ပျံ့လွင့်နေသည်။ ဂယူဗင်းရော
သူ့ဘွားဘွားကပါ ရစ်ခီနဲ့ အရင်ကတည်းက
သိတဲ့ပုံပြောနေတာကို သတိထားမိသည်။
ဒါပေမဲ့ ရစ်ခီကတော့ ဘာမှမမှတ်မိ။ဂယူဗင်းနဲ့
ငယ်ငယ်ကတွေ့ဖူးတယ်ဆိုတာကိုလည်း
ရေးရေးလေးမှတ်မိပေမဲ့
အဲလောက်ထိမှတ်မိနေတာလည်းမဟုတ်။"ဒီကလေး ဘာတွေလျှောက်တွေး သား
ဘာဖြစ်တာလဲ!"ဖုန်းပြောတာ အာရုံမရှိလို့ နောက်မလို့လုပ်လိုက်ပေမဲ့ ရုတ်တရက် ကျောဆန့်ပြီး သတိအနေအထားဖြစ်သွားတာမို့လို့ သူမ ကိုယ်တိုင်ပင် လန့်သွားရသည်။
"မဟုတ်ဘူး မားမား၊ ကားသံကြားလို့ ဂယူဗင်း ပြန်လာတာထင်တယ်"
ဧည့်ခန်းထဲမှာ ဖုန်းထိုင်ပြောနေတာမို့လို့ ကားသံကိုတော့ ရစ်ခီ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ရုတ်တရက်ဆိုတော့ လန့်သွားသည့် သဘောလည်းပါသည်။
"ဒါဆိုလည်း မားမား ဖုန်းချလိုက်တော့မယ် မင်းနဲ့လည်း ဂယူဗင်းပြန်လာတာကို အလန့်တကြား၊သမက်လေးကို မားမား မေးတယ်လည်းပြောလိုက်နော် သား"
"မချနဲ့ မား!"
ရစ်ခီပြောတာတောင် မစောင့်၊စိတ်မြန်လက်မြန်ရှိလွန်းတဲ့ မားမားကြောင့် စိတ်ပျက်သလိုခေါင်းခါမိသည်။ပြီးတော့ ဘာလို့ ကင်ဂယူဗင်းကို
ဇွတ် သားမက် တော်နေမှန်းလည်း ရစ်ခီ နားမလည်။ သူ့ဘက်က လူတွေက ကင်ဂယူဗင်းကို
အရမ်းသဘောကျတော့ ဟိုကောင်က သူ့ကိုဆို လေးစားတာ ဘာညာမရှိဘဲ ရောင့်တက်နေတာ။လူကိုယ်တိုင်တောင်အိမ်ထဲမရောက်သေးဘူး
ကင်ဂယူဗင်းက သူ့ကို စိတ်ဒုက္ခစပေးနေပြီလို့
တွေးလိုက်တော့ ရစ်ခီသည် မကျေနပ်။
![](https://img.wattpad.com/cover/367176458-288-k119939.jpg)