19

850 107 48
                                    

"မပြန်ရဘူး  ကျွန်​တော် ခွင့်မပြုဘူး"

​မေ​မေက ရစ်ခီကို ရှန်ဟိုင်းပြန်​စေချင်တယ်တဲ့။
ဂယူဗင်းက ခွင့်မပြုနိုင်။​​ပြေးလို့ လွတ်သွားရင်
ပြန်ဖမ်းဖို့ခက်လိမ့်မည်။ ရစ်ခီက ပြန်လာမယ့်
သူ မဟုတ်။သူတို့နှစ်​ယောက်ကြားမှာ
​ချည်​နှောင်ထားသည့် ဘွားဘွားကလည်း
အခုမရှိ​တော့။ သူ့ကို သနားတာဖြစ်ဖြစ်၊ရစ်ခီ
သူကိုယ်သူ အပြစ်တင်စိတ်​ကြောင့်ဖြစ်ဖြစ်
သူ့​ဘေး​တွင် နာနာခံခံ​လေးငြိမ်​နေ​သည်​လေ။

"ဂယူဗင်း"

​မေ​မေသည် သူ့ကို လှမ်းဟန့်သည်။
ဘယ်တုန်းကမှ မဆူဖူးသည့် ​မေ​မေသည်
သူ့ကို နား၀င်​အောင်နားချ​တော့မည်။
​မေ​မေကိုယ်တိုင်လည်း စိတ်ပင်ပန်း​နေတာကို
သိ​တော့ ဂယူဗင်း ကလန်ကဆန်မလုပ်ချင်။
ဒါ​ပေမဲ့ လက်ခံလိုက်ရ​အောင်လည်း မဟုတ်​သေး။

"ရစ်ခီကို အချိန်​ပေးလိုက် သား,သူဘာလုပ်ချင်လဲ
ဆိုတာ သူကိုယ်တိုင် စဥ်းစားဖို့ပဲလိုတယ်။
မင်းတို့​ပြောသလို ဘွားဘွား​ကြောင့် ဟန်​ဆောင်​နေတာဆိုရင် အခု မင်း အဘွားမှမရှိ​တော့တာ၊ ​
နောက်ဆိုဘယ်လိုလုပ်မလဲ သား​ရော ရစ်ခီ​ရော
စိတ်ပင်ပန်းတာမျိုးကို ​မေ​မေမကြည့်ရက်ဘူး,
ရစ်ခီ​လေးလည်း အရင်ကနဲ့မတူ​တော့ဘူးသား၊
သားလည်း က​လေးက ​ပြောင်းလဲသွားတာကို သတိထားမိတယ်မလား
အဲလိုကြီးက မဟုတ်​သေးဘူး​​လေ သားရဲ့ "

ဂယူဗင်းသည် စိတ်ရှုပ်ရှုပ်နဲ့ မျက်နှာကို အကြမ်းပတမ်းပွတ်သတ်သည်။ဒီရက်ပိုင်း
ဟိုဟိုဒီဒီ ကိုင်တွယ်​ဖြေရှင်းစရာ​တွေက အပုံလိုက်။ ကိစ္စ​တွေတစ်ခုပြီး တစ်ခုစုပြုံလာ​တော့ ဂယူဗင်း ​ခေါင်း​ပေါက်ကွဲ​တော့မလို။

"ရစ်ခီက ပြန်ချင်တယ်​ပြောတာလား?"

​မေ​မေသည် ​ခေါင်းခါပြသည်။

"​မေ​မေ ပြန်ခိုင်းလိုက်တာ၊ ဒီဘက်မှာလည်း
ကိစ္စ​တွေရှုပ်​နေတုန်း က​လေးကိုလည်း
စဥ်းစားချိန်​ပေးလိုက်တာ မှန်မယ်ထင်လို့"

"မပြန်လာရင် ဘယ်လိုလုပ်မလဲ ​မေ​မေ၊ ​ရစ်ခီက
အစကတည်းက ကျွန်​တော်​ဘေး​​နေချင်တာမဟုတ်ဘူး"

U HAVE MY HEARTWhere stories live. Discover now