မိုးရေစက်တွေသည် မစဲ။နာရီလက်တံသည်
နှစ် ဂဏန်းရောက်ဖို့ မိနစ်အနည်းငယ်သာလိုတော့သည်။ သောက်ထားသည့် အရှိန်သည်
လက်ခံနိုင်သည့် ပမာဏထက်ကျော်လွန်နေပြီ။
ဆေးလိပ်တစ်လိပ်လောက်သွားသောက်လိုက်ဦးမယ် လို့ ဆိုခဲ့ပြီးမှ သောက်နေသည့် ဆေးလိပ်အရေအတွက်သည် တစ်ဘူးလောက်နီးနီးရှိနေပြီ။ဘောင်းဘီအောက်နားစတွေသည် စိုရွှဲနေပြီ။
တစ်ချက် တစ်ချက် မျက်နှာပေါ် စင်လာသည့်
မိုးရေစက်တွေကို ရစ်ခီသည် မတားဆီးမိ။
စိတ်ရှုပ်ထွေးနေပြီ၊စိုးရိမ်စိတ်လေးနည်းနည်းပါသည်။ နောင်တလေးလည်း နည်းနည်းရချင်နေသေးသည်။ မရူးမိုက်ခဲ့သင့်၊ စကားလွန်သွားပြီ။
အခုနေ ဖုန်းဆက်တားရင်တောင် ဂယူဗင်းသည်
သူ့စကားကိုအရေးစိုက်တော့မည်မဟုတ်။သူ ဘယ်မှာလဲဆိုတာ ဂယူဗင်းမသိနိုင်။
မသိလို့လွဲသွားတာကိုလည်း ရစ်ခီ မလိုချင်။
သိသာတဲ့နေရာမှာလည်း မနေချင်။
အယ်လ်ကိုဟောသည် စိတ်ကိုထွေပြားစေသည်။
နီကိုတင်းတွေကလည်း ထိုအရာကို
လောင်စာဖြည့်ပေးသည်။ရစ်ခီ သည် ပုံမှန်အသိစိတ်နဲ့တုန်းကတောင် သူ့စိတ်သူ ဘာလဲဆိုတာ မဝေခွဲနိုင်။ခပ်မြန်မြန်ဘောင်းဘီအိတ်ကို စမ်းလိုက်တော့
ကားသော့သည် အိတ်ထဲမှာ နေရာတကျ။ ဆေးလိပ်တိုကို ပစ်ချကာ မီးသေအောင်
တက်နင်းလိုက်သည်။ ကားပါကင်ဆီ အမြန်လျှောက်တော့ အကာကွယ်မရှိသည့် သူ့ ခန္ဓာကိုယ်ထက်ကို
မိုးရေတွေဟာ တစက်စက်။ ရေမကြိုက်လို့ ရေကူးကန်သွားရင်တောင် ရေထိလေ့မရှိသည့်
သူက အခုတော့လည်း အဲတာတွေကို အာရုံမစိုက်နိုင်။ သောက်ထားသည့် အယ်လ်ကိုဟောတွေသည် အခုမှထကြွလာပုံရသည်။ခြေလှမ်းတွေဟာ ဒယိမ်းဒယိုင်။ အခုအခြေအနေမှာ ကားမောင်း
ရင် ကားရော လူရော ဆေးရုံရောက်နိုင်သည်။
" သား ဆေးရုံတက်ရတုန်းက သူ့မှာ အရူးတစ်ပိုင်းပဲ" တဲ့ မဖြစ်သေး ကင်ဂယူဗင်းက နဂိုကတည်းက
ရူးနေပြီးသား ဒီထက်ပိုရူးသွားလို့မဖြစ်။ ဒါဆိုသူကရော ကင်ဂယူဗင်း အဲလိုသာဖြစ်ရင် အရူးတစ်ပိုင်းဖြစ်မည်လား...
