ခွဲစိတ်ခန်းတံခါးပိတ်သွားတာကိုမြင်မှ
ဂယူဗင်းသည် ဆောင့်တည်ရာမရသလို
ထိုင်ချမိသည်။သွေးအိုင်ထဲမှာ လဲနေသည့်
ရစ်ခီပုံရိပ်ကို ဂယူဗင်းအခုထိ
မျက်လုံးထဲကနေမထွက်။ရစ်ခီ ဒီလိုဖြစ်သွားမယ်မှန်းသိရင် သူသည် ကလပ်ကိုလည်းလိုက်သွားမှာ
မဟုတ်သလို၊ ဘာမှလည်း
အတင်းအကြပ်လုပ်ခဲ့မှာမဟုတ်
သူသာ နည်းနည်းလေးဖြစ်ဖြစ် သတိရှိခဲ့ရင်
ရစ်ခီသည် အခုလိုဖြစ်စရာဘာအကြောင်းမှမရှိ။
အကုန် သူ အပြစ်တွေသာ။အိမ်ကို လှမ်းအကြောင်းကြားဖို့ ဖုန်းကိုထုတ်လိုက်တော့ဂယူဗင်း လက်တွေသည်
အတိုင်းအဆမရှိ တုန်ရီနေသည်။
လက်မှာပေနေသည့် သွေးတွေကို
အင်္ကျီမှာသုတ်လိုက်တော့ ဂယူဗင်း၀တ်ထားသည့် ရှပ်အင်္ကျီအဖြူသည် အနီရောင်ပြောင်းလုနီးပါး။အမြဲတမ်း ရစ်ခီအာရုံ သူ့ဆီမှာမရှိတာကို
မကြိုက်သည့် သူသည်၊ ခဏလောက် သူ
အာရုံကို ရစ်ခီဆီကနေ လွှဲလိုက်သည့်အခါ
ရစ်ခီသည် သူ့ဘေးနားကနေ ပျောက်သွားတော့မလို့။ဂယူဗင်းသည် ပထမဆုံးအကြိမ် သူ့ယုံကြည်ချက်နဲ့ ပတ်သက်ပြီး ယိမ်းယိုင်မှုကိုခံစားလိုက်ရသည်။"ဂယူဗင်း သား"
ခွဲခန်းရှေ့က ခုံမှာ အသိစိတ်လွတ်နေသလို
ထိုင်နေသည့် ဂယူဗင်း။ ခေါ်သံကြောင့် သူမ ကို
မော့ကြည့်ပေမဲ့ ရဲရဲနီနေသည့် မျက်၀န်းတွေသည်
ငိုထားမှန်းသိသာသည်။ တစ်ကိုယ်လုံးမှာလည်း
သွေးတွေသည် သူ့ခန္ဓာကိုယ်က ထွက်ထားသည့်အတိုင်း။ ဂယူဗင်းတောင် ဒီလောက်ဆို
ခွဲခန်းထဲက ရစ်ခီသည် ဘယ်လိုအခြေနေလဲဆိုတာ
မှန်းဆလို့ရသည်။ သူမ စိုးရိမ်ပူပန်မှုတွေသည်
အတိုင်းအဆမရှိ မြင့်တက်လာသည်။"ရစ်ခီလေးရော ဘယ်လိုနေလဲသား
ဘယ်လိုဖြစ်ကြတာလဲ "ဂယူဗင်းသည် မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်သည်။မေမေသည် သူ့ကို ဖက်ထားပြီး
နှစ်သိမ့်ပေးသည်။သို့သော် စိတ်ထဲမှာ နှစ်သိမ့်မှုကို
မခံစားနိုင်၊သူတောင် စိတ်ပင်ပန်းနေသည့်
ဒီလိုအခြေနေမှာ မိခင်ဆီက နွေးထွေးမှုကို
တောင်းတနေရင်၊ရစ်ခီက အိမ်ပြန်ချင်တယ်လို့ ပြောပြောနေတာ.....