ရစ်ခီ နိုးလာတော့ တိတ်ဆိတ်သည့် အိပ်ခန်းကဆီးကြိုနေသည်။ ဘေးကအေးစက်နေသည့် နေရာလွတ်သည် ဂယူဗင်း ထွက်သွားတာကြာပြီဆိုတဲ့အကြောင်းကို ပြနေလေသည်။
အောက်ထပ်ကို ဆင်းလာလိုက်တော့
ဒေါ်ဒေါ်သည် ရောက်နှင့်နေပြီ။"အစ်ကိုလေး"
ဒေါ်ဒေါ်သည် သူ့ကို စိုးရိမ်သလို၊ပူပန်သလို
ကရုဏာသက်သည့်အကြည့်တွေနဲ့ကြည့်လာသည်။
ရစ်ခီ နည်းနည်းတော့ မျက်နှာပူပါ၏။
ဂယူဗင်းနဲ့ဝေးရာကို ထွက်သွားနိုင်ဖို့
အသည်းအသန်အကူညီတောင်းခဲ့ပြီးမှ အခုတော့လည်း ဒုံရင်းကဒုံရင်း။ စိတ်သွားတိုင်း ကိုယ်မပါ။လက်ထပ်ပြီး လူတစ်ယောက်၏ ဘ၀သည်
လူလွတ်အမျိုးသားတစ်ယောက်လိုမဟုတ်တော့။ပြဿနာတွေအမျိုးမျိုးကြားမှာ ရစ်ခီ သတိထားမိသည်က သူ ပြောင်းလဲသွားပြီ။ တကယ့်ကို ပြောင်းလဲသွားပါသည်။" အဆင်ရောပြေရဲ့လား အစ်ကိုလေး"
စိတ်ပူသလို အမေးကို ခပ်ဖွဖွပြုံးကာ
ခေါင်းငြိမ့်ဖြေတော့ ဒေါ်ဒေါ်သည် သက်ပြင်းသာချသည်။ ရစ်ခီလည်း သက်ပြင်းချရုံကလွဲ
ဒီအခြေအနေကိုမတတ်နိုင်ချေ။"အဆူခံရသေးလား ဒေါ်ဒေါ်, ဂယူဗင်း ဒေါ်ဒေါ်ကို တစ်ခုခုပြောသွားသေးလား"
ကင်ဂယူဗင်းမသိဘူးဆိုတာကမှ ထူးဆန်းရာ
ကျလိမ့်မည်။ အမေအရွယ်လူတစ်ယောက်
သူ့ကြောင့် အဆူခံရတာကို ရစ်ခီမလိုချင်။
မိဘတွေနဲ့ခွဲနေပြီးနောက်မှာ သူ့ကို မိဘတွေနည်းတူ ဂရုတစိုက်ရှိသည်က ဒီဒေါ်ဒေါ်။"မဆူပါဘူး အစ်ကိုလေးရဲ့, သူဌေးလေးက
မနက်အစောကြီး ဆေးရုံကိုထွက်သွားတာ
အစ်ကိုလေး နိုးလာရင် တစ်ခုခု၀င်အောင်
ကျွေးလိုက်လို့ပဲ မှာသွားတယ်"ငြိမ်ကျသွားပြီး ဟိုနည်းနည်း တို့ထိ တို့ထိ ဒီနည်းနည်းတို့ထိတို့ထိ လုပ်နေသည့် အစ်ကိုလေးသည် ကရုဏာသက်ချင်စရာ။ သာမန်အိမ်ထောင်ရေးတွေတောင် မလွယ်ကူတာကို ယောကျာ်းလေးနှစ်ယောက်ကြားက အိမ်ထောင်ရေးသည် ပိုပြီးတောင် လွယ်ကူမည်မဟုတ်။ချစ်လို့ ကြိုက်လို့ အသာတကြည်ယူ
ကြပုံလည်းမပေါ်။ ညှိယူထားတာမဟုတ်သည့် ဆက်ဆံရေးသည် အခုထိလည်း ပြဒါးတစ်လမ်း၊
သံတစ်လမ်း။ အကုန်အဆင်ပြေသွားဖို့သာ သူမ
ဆုတောင်းပါသည်။
.
.
"ဘွားဘွားက မင်းကို တွေ့ချင်နေလို့ လာခဲ့ပါဦး"
![](https://img.wattpad.com/cover/367176458-288-k119939.jpg)