"တားတားရဲ့ နှရုံးတား(နှလုံးသား) လွန်းအိမ်ထဲကို ရစ်လုံး(လွန်းဆံ)ဆိုတဲ့ကိုကို့ကို သားအချိ(ချစ်)တွေနဲ့ အပြည့်ရစ်ပတ်ပြီးထည့်ထားမှာမို့လို့"
သားဖြစ်သူရဲ့စကားကိုကြားပြီး ဒေါ်ဝေဆာနဲ့ ဦးမြတ်မင်း နဲ့သွေးတက်ချင်သလို တောင်ဖြစ်သွားကြတယ်။ဘယ်သူမှလည်းသူ့ကို မသင်ပြဖူးသလို သူတို့ကိုယ်တိုင်လည်း မကြားဖူးပါ။ ထို့ကြောင့် သားဖြစ်သူ နေသူအား လက်ရောခြေရောေမြှာက်ခဲ့ကြရသည်။ဦးရွှေဖြူတို့ လင်မယားကရယ်သာရယ်နေကြ၍ ရွှေရောင်လင်းလေးမှာလည်း ခေါင်းမဖော်နိုင်အောင်ရှက်၍နေတော့သည်။
နောက်နေ့ (ဒေါ်သက်ထားဆေးရုံဆင်းသည့်နေ့)
"သားငယ်ရေ သားငယ်ရဲ့ဆုံးဖြတ်ချက်ကိုပြင်ဦးမလား"ဟုဒေါ်သက်ထားက မေးလိုက်သည်
"မပြောင်းဝူး သေချာတယ် တားတားကို့ကို့ကို ရက်ထပ်မှာ(လက်ထပ်မှာ)"
"ဟုတ်ပါပီ ဒါပေမဲ့ ကိုကို့ကို သားငယ်ကလုပ်ကျွေးရမှာနော် သားပညာတတ်ပြီး ပိုက်ဆံတွေအများကြီး ရှာနိုင်တဲ့နေ့ကြရင် ကိုကိုနဲ့ လက်ထပ်ပေးမယ်"
"ဝေးးး ဒါမှတို့တီတီကွ ချိတ်ချ(စိတ်ချ) တားတားက ဒယ်ဒီ့ ထက်ချမ်းသာအောင် လုပ်မှာ"
ဒေါ်သက်ထား ဆေးရုံဆင်းတာ လိုက်ပို့ရင်း အိမ်လိုက်လည်ခဲ့ကြသည် ။မလည်ဘို့လည်းမရပါ နေသူတစ်ယောက် သူ့ကိုကို ကိုရရန် ယောက္ခမတေကို အပိုင်ပေါင်းနေေသာကြောင့်ဖြစ်သည်။
တဖြည်းဖြည့်းနှင့် မိသားစုနှစ်ခုလံုးရင်းနှီးလာပီး နှစ်အိမ့် တစ်အိမ်ဖြစ်လာခဲ့သည်။ နေသူ၏ ဂျစ်တိုက်မှုကြောင့် ရွှေရောင်တို့ရက်ကွက်ထဲ၌ အိမ်ဝယ်၍ ပြောင်းနေကြရသည်။
ရွှေရောင်နဲ့နေသူကလည်း အိပ်အတူ စားအတူဖြစ်လာခဲ့သည်။တစ်နေ့တစ်နေ့မရိုးနိုင်သော စကားများကိုပြောခဲ့သော်လည်း ကိုကို့ကိုပဲလက်ထပ်မှာဆိုတာကတော့ မပြောင်းလဲခဲ့။
2နှစ်ခန့်ကြာသော်(နေသူ 7နှစ် ၊ရွှေရောင် 10နှစ်)
လန်ဒန်၌နေထိုင်သူ ဦးမြတ်မင်းသော်၏ ဖခင်ဖြစ်သူ Jason နေမကောင်း၍ မဖြစ်မနေ လန်ဒန်ကိုမိသားစုလိုက် ပြောင်းခဲ့ကြရသည်။
ဒေါ်သက်ထားတို့ကို နေသူက
"သားသားကြီးလာလို့ ကိုယ်တိုင် ပိုက်ဆံရှာနိုင်သူ ဖြစ်ရင် ကိုကို့ကို လာတောင်းမယ်"ဆိုပြီး ကတိပေးခဲ့သည်။

YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း