ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကောင်ငယ်လေးတစ်ယောက် မျက်နှာကအပြုံးများစွာနဲ့ သူ့အားလာကြိုမည့်အတွင်းရေးမှူးကိုလိုက်ရှာနေတော့သည်။
ကိုကောင်းတစ်ယောက် လေယာဉ်ကွင်းမှာ နေသူ့ကိုလာကြိုရင်း
"Hey ကိုကောင်း long time no see bro"
သူနဲ့ဆို ဘယ်တော့မှထောင့်မကျိုး အလုပ်ဆိုလည်းသေအောင်ခိုင်း ပြီးရင်သူ့ရစ်လုံးအကြောင်းအမြဲ စုံစမ်းခိုင်းနေတဲ့ သူရဲ့ချစ်လှစွာသော CEO ညီလေးအသံကြားရ၍ ခေါင်းမွှေးတွေပါထောင် ကုန်တော့သည်။
'ဒီကောင် စလာကတည်းက ထောင့်ကိုမကျိုးဘူး ။ဟိုမှာနေတာကမှ အလုပ်လုပ်ဦးမယ်။ဒီပြန်လာပြီးတော့ ကိုကိုရေ ရစ်လုံးလေးရေဆိုပီး ငါပဲ တော်တော်များများ လုပ်ရတော့မယ်ထင်တယ် အမလေးးး သနားစရာငါလေးဘဝပါတကားးး'
လက်တွေ့မှာတော့ "ကြိုဆိုပါတယ် နေသူ"တဲ့လေ
နေသူရွှေရောင်နဲ့မတွေ့ခင်5ရက်အလို
Star light cafe
"ဦးဦး ပြန်တွေ့ကြ ပြန်ပြီနော်။"
"ပြန်ရောက်လာပြီပေါ့ မောင်နေသူရိန် မင်းကငယ်ငယ်လေးနဲ့ စီပွားရေးသောင်းကျန်းချက်နော်။"
"လုက်ရမှာပေါ့ ဦးဦးရယ် ကျွန်တော်နဲ့ကိုကို့ရဲ့ အနာဂတ်အတွက်ပဲလေ။ အခုမှ သေဘာမတူဘူး လုပ်လို့မရဘူးနော် ကတိဆိုတာတည်ရတယ်။"
"အေးပါကွာ မင်းကလည်း။နို့ လက်ထပ်တာကဘယ်တော့လောက် လက်ထပ်မလဲကွ။မြန်လေကောင်းလေပဲ ဦးသားကို ဟိုကလေးမနဲ့ တွဲနေတာကိုကြည့်လို့ မရဘူး။အဲ့ခွေးသားကလည်း သူမှသူပဲဖြစ်နေတာ"
"ဦးကလည်း ကိုကိုက ဦးရဲ့သားနော် ပြီးတော့သားကိုကို့ ကို ခွေးလို့မပြောပါနဲ့လား။ကျွန်တော်မကြိုက်လို့"
ဦးရွှေဖြူတစ်ယောက် နှုတ်ခမ်းမဲ့နှာခေါာင်းရှုံ့ပြီး
"သဲသဲကဲကဲတွေကွာ။ငါ့သားငါပြောတော့ ဘာဖြစ်လဲ။"
"ကျွန်တော် ကိုကိုနဲ့ လက်ထပ်လိုက်ရင် ဦးကကျွန်တော့်ယောက္ခမဖြစ်ပြီလေ။အဲ့ဒါကြောင့် ကိုကိုခေါ်သလို ဖေဖေလို့ပဲခေါ်တော့မယ်။"
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း