Part 13

50 5 0
                                    

ပွဲလုပ်နေစဉ် တစ်လျှောက်လုံးမှာ ရွှေရောင်က ဧည့်ခံနေတဲ့မေဝင့်ထည်ကို ကြည့်နေခဲ့ပြီး နေသူကတော့ ရွှေရောင့်ကိုသာကြည့်နေခဲ့သည်။

"မောင်ရဲ့ရင်ဘက် ဘယ်ဘက်ခြမ်းကအရမ်းအောင့်တာပဲ ကိုကိုရာ"ဆိုပြ‌ီး တစ်ကိုယ်ရေကြားရုံသာရွတ်လိုက်မိသည်။

ခဏအကြာတွင် နေသူလည်း ဆက်ပြီးမနေချင် တော့တာနဲ့ပဲ ပြန်လာခဲ့လိုက်တော့တယ်။ကိုကောင်းကတော့ ညီဝင့်ထည်က မပြန်သေးရန်ဆွဲထားသဖြင့် နေခဲ့ရသည်။

ရွှေရောင်နောက်သို့ ပြန်လှည့်ကြည့်ချိန်တွင်နေသူမရှိတော့ပေ။ မေဝင့်ထည်နှင့်စကားပြောနေသည့် အချိန်တုန်းကနေသူက စိုက်ကြည့်နေ သဖြင့် ရှိသေးသည်အထင်နှင့် နောက်လှည့်မကြည့်ခဲ့ခြင်းဖြစ်သည်။

'စောစောကတောင် ရှိသေးပါတယ်။ဘယ်ရောက်သွားပါလိမ့်။ပြန်သွားတာလားမသိဘူး။ငါဘာတွေဖြစ်နေပါလိမ့် သူ့ဘာသူပြန်ပြန် မပြန်ပြန် ငါနဲ့မှမဆိုင်ပဲ။'

ဆိုပြီး ပွဲပြီးမှပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တော့ နေသူကအဝတ်အစားလဲပြီး အိပ်တောင်ပျော်နေပြီဖြစ်သည်။ ရွှေရောင်လည်း ရေအမြန်ချိုးကာ အဝတ်အစားလဲ ပြီးနေသူ့ဘေး၌ဝင်အိပ်လိုက်သည်။

နေသူအမှန်တကယ် အိပ်မပျော်သေးပါ။ ရင်နာလွန်းလို့ ကားပေါ်မှာတောင်မထိန်းနိုင် ဆက်တိုက်ကျနေသဖြင့် လမ်းတွင်ကားရပ်ကာ စိတ်ငြိမ်အောင်အရင်လုပ်ပြီး စိတ်ငြိမ်သွားမှသာ အိမ်ပြန်ပြန်လာသဖြင့် ရွှေ‌ေရာင်နှင့် 15 မိနစ်သာစောရောက်ခဲ့သည်။ ရွှေရောင်ဝင်လာသည် ကိုလည်းသိသည်။အိပ်ယာပေါ် တက်လာတာကိုလဲ သိသည်။သို့သော် စကားမပြောချင်ငေး၍အိပ်ချင်ယောင်သာဆောင်နေလိုက်သည်။

မနက်မိုးလင်းတော့ နေသူက ခါတိုင်းလိုပဲ ‌မနက်စာပြင်တယ် ရွှေရောင့်အတွက်ထမင်းချိုင့် ပြင်ပေးနေစဉ် ရွှေရောင် အပေါ်ထပ်ကဆင်းလာပြီး

"နေသူရိန်မင်း"

"ဗျာ ပြောလေကိုကို"

"မင်းမနေ့ညက ဘယ်အချိန် ပြန်သွားတာလဲ။"

လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)Where stories live. Discover now