'မောင့်ရဲ့ ကိုကိုက ဘယ်လိုနေနေ ချစ်ဖို့ကောင်းလိုက်တာ'
ရွှေရောင်လင်း တစ်ယောက် သူ့ရှေ့မှာထိုင်ပီးသူ့ကို မျက်တောင်မခက်တမ်း ကြည့်နေတဲ့ နွားလိုကောင် ကိုကြည့်ပီး
"ကဲ ပြောစရာရှိတာ ပြောကြရအောင်"
"ဟုတ်ပါပြီ ကိုကိုကလည်း ကြည့်လို့တောင် မဝသေးတာကို အတင်းပဲ။ကိုကိုကလည်း ဇွက်ပဲ"
"ဘာပြောတာ!"
"ဇွတ်ပဲ လို့ပြောတာပါ တံတွေး သီးသွားလို့ ဟဲဟဲ"
"ကြည့်ပြော စားပြောတာကို လက်စာမိမယ်"
"မောင့် ကျောင်းဆရာလေး ကလည်း စိတ်ကြီးပဲ"
"ပြောစရာရှိတာသာ ပြောစမ်းပါကွာ။ငါ့မှာ စာပြရမဲ့ ကလေးတွေရှိသေးတယ်ကွ"
"ကိုကိုလက်ထပ်ပွဲကို ဘယ်လို လုပ်ချင်လဲ သာပြောပါ မောင်က ကိုကို့ရဲ့သဘော အတိုင်းပဲ"
"ငါက မင်းကို ချစ်လို့လက်ထပ်တာမှ မဟုတ်တာ။မင်းဘာသာမင်း စိတ်ကြိုက်စီစဉ်။ငါကခမ်းခမ်းနားနား လုပ်ကိုသိပ်သဘောမကျဘူး။လုံးဝကို သဘောမကျတာ ပြီးတော့ ငါက ဖေဖေကို မတော်လှန်နိုင်လို့ မင်းကိုယူရတာ ဘုန်းကြီးကျောင်းမှာပဲ အကျဉ်းချုံးလုပ်ချင်တယ်။ ပြီးတော့ ငါဘက်က အသိတွေကိုရော ကျောင်းသားတွေ ကိုရော ဘယ်သူ့ကိုမှ မဖိတ်ဘူး။ ဒီလက်ထပ်ပွဲ ကိုမင်းဘက်က အသိ အနည်းအကျဉ်း ပဲဖိတ်ရမယ်။Public တွေ Social တွေမှာ လုံးဝမတင်ရဘူး။"
မင်းဘာသာ စိတ်ကြိုက်စီစဉ် လို့ပြောပြီး သူ့ဘာသူ အစီအစဉ်ဆွဲသွားသော ကိုကို့ကိုကြည့်ပြီး နေသူတစ်ယောက် ပြုံးလိုက်မိသည်။ဒါပေမဲ့ လူတွေကို ပိုင်ဆိုင်ကြောင်း ချပြခွင့်မပေးတာကိုတော့ စိတ်ထဲသိပ် ဘဝင်မကျချင်
"ကိုကိုက ဘာလို့ မောင်ကကိုကို့ ကိုပိုင်ဆိုင်ကြောင်း ချပြခွင့်မပေးတာလဲ"
"ဘာလို့လဲဆိုတော့ ငါကမင်းလို Gay မဟုတ်လို့လေ"
နေသူတစ်ယောက် သက်ပြင်းချ၍ "အော် ကိုကိုရယ်"လို့သာပြောနိုင်တော့သည်။
ထို့နောက်နှစ်ယောက်ကြား ခဏတာတိတ်ဆိတ် သွားတော့သည်။
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း