နောက်နေ့မနက်
"ကျွတ် ကျွတ် ကျွတ် ခါးနာလိုက်တာကွာ။ဟိုကောင်က ညကကျအသေလုပ်ပြီး အခုကျ မထသေးဘူး ခံရတာကငါပါ ကွာ။"ထိုအချိန် ဘေးမှညီးသံကြား၍ လှမ်းကြည့်ရာနေသူဖြစ်နေတော့သည်။
တစ်ကိုယ်လုံးချွေးတွေရွှဲနေပီး နဖူးကိုစမ်းကြည့်ရာ လူလား မီးသွေးခဲလား မသိအောင်ကို ပူခြစ်တောက်နေသည်။ ရွှေရောင့်စိတ်ထဲတွင်တော့ 'ညကခံရတာ ကိုယ်လား သူလားတောငါမသိတော့ဘူး' ဆိုပြီး လှုပ်နှိုးသော်လည်း မနိုး ပါးရိုက်နှိုးသော်လည်းမနိုးပါ။
"ကောင်းရောကွာ။ ရေပတ်တိုက်ပေးပြီးဆရာဝန်ပဲခေါ်ရတာပေါ့။တော်ကြာ ငါလုပ်သတ်တယ်ဖြစ်နေဦးမယ်"
ရွှေရောင်က ရေပတ်တိုက်ပေးရန်ပြင်ဆင်ပြီး ကြီးကြီးအေးမာ အားဆရာဝန်ခေါ်ပေးရန် လှမ်းပြောရသည်။ရွှေရောင်ကလည်းဆရာဝန်မလာခင် ရေပတ်အမြန်တိုက်ေပးပြီး အဝတ်အစားဝတ်ပေးလိုက်သည်။ပါးစပ်ကလည်း
"ဟူးး တော်ပါသေးရဲ့ ကြီးကြီးအေးမာ ပါလို့သာပဲ။မဟုတ်ရင် ဒီခွေးကောင်နဲ့ဘယ်လို
ေတာင်နှစ်ပါးသွားရမလဲမသိဘူး။"ကြီးကြီးအေးမာဆိုတာက နေသူတို့ မိဘတွေအိမ်မှာ ဟိုးအရင် ကတည်းကအလုပ်လုပ်ခဲ့သူဖြစ်၍ နေသူနှင့် ရွှေရောင့်ကိုလည်းအရမ်းချစ်သည်။ မင်္ဂလာဆောင်ပြီးရင် ယောက်ျားသားနှစ်ယောက်တည်းမို့ အိမ်မှုကိစ္စလုပ်ပေးရန် ဒေါ် အေးမာနှင့် အတူ မစုနှင့်မယု ညီမှနှစ်ယောက်ကို နေသူ့၏မိဘများက ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ဆရာဝန်ရောက်လာသော်လည်း နေသူကသတိပြန်မလည်သေးပါ။ဆရာဝန်ကိုဗညားမင်းဟန် ဆိုသူက အပြေးအလွှားရောက်လာပြီး စမ်းသပ်ကာ ဆေးထိုး၊ဆေးပေးပြီး
"ညီ က အခုတလောပင်ပန်းပြီး အအိပ်နည်းသွားလို့ ဖြစ်သွားတာပါ။စိတ်ပူစရာမလိုပါဘူး။ ငါ့ညီတို့ကဖြစ်လိုက်ရင် အသည်းနဲ့အသန်ကြီးပဲ။ ရွှေရောင့်ကိုပါတစ်ခါတည်းဆေးစစ်ပေးမယ်နော်"
"အယ် ကျွန်တော်ကဘာဖြစ်နေလို့လဲ"
"ညီက မနေ့ကမင်္ဂလာဆောင်မှာ 'မနက်ဖန်ကျရင် ကိုကို့ ကိုလာပြီးဆေးစစ်ပေးပါ'လို့ပြောလို့"
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Любовные романыနေသူရိန်မင်း + ရွှေရောင်လင်း