Part 8

41 4 0
                                    

"ကျွန်တော်အစ်ကို့ဆီ လာပြီးပိုးတော့မှာမို့လို့ ကျွန်တော့်ကို ခဏလောက်စောင့်နေပေးပါဦးနော်"

ညီဝင့်ထည်တစ်ယောက် အူမြူး၍ အိမ်ပြန်လာခဲ့သည်။ထိုအချိန် အမဖြစ်သူမေဝင့်ထည်နှင့် လှေကာထိပ်တွင်ဆုံမိ၍ အပြုံးကြီးကြီးပေးကာ ပါးကိုပါဆွဲသွားပြီး သီချင်းလေးပါညီး သွားခဲ့သည်။

မေဝင့်ထည်က
"ဒီကောင်ရူးသွားတာလား ဟ"

မေဝင့်ထည်နှင့် ညီဝင့်ထည်တို့ မောင်နှမနှစ်ယောက်ဟာ တစ်အိမ်တည်းနေကြသော်လည်း အခေါ်အပြောသိပ်မရှိကြ သည့်အပြင် စရိုက်လည်းမတူညီကြပါ။ မေဝင့်ထည်ကအေးဆေးပြီး မိဘတွေရဲ့ချီးမြှေက်မှုကိုအပြည့်အဝ ရထားသူဖြစ်ပြီး မာနကြီးသလို အနည်းငယ်အတ္တရကြီးသည်။ညီဝင့်ထည်ကမူ မိဘများ၏ လစ်လျှူရှုခြင်းကို အနည်းငယ်ခံရ‌ေသာ်လည်း ဘယ်အချိန်မဆို ကူညီချင်စိတ်နှင့် သနားကြင်နာတတ်သောစိတ် အပြည့်အဝရှိသည်။ ညီဝင့်ထည်
အိမ်တွင် မိသားစု၏အရေးပေးခြင်း ကိုမခံရသော်လည်း အိမ်ထိန်းဒေါ်လှနဲ့ အိမ်ကူများ၏ အချစ်တော်ဖြစ်သည်။
ငယ်စဉ်က ကျောင်းမှာအမြဲအနိုင်ကျင့်ခံရသော်လည်း အမြဲတမ်းပြုံးပြုံးပျော်ပျာ်နေတတ်သည်။ အနိုင်ကျင့်ခံရတာကို မေဝင့်ထည်ကသိသော်လည်း ဘာမှဝင်ပြောခြင်း၊တိုင်ကြားခြင်းမရှိခဲ့၊အမြဲအလိုလို စကားတွေနဲ့ နှိပ်စက်တတ်သေးသည်။တစ်ခါတရံအရိုက်လည်းခံရသေးသည်။ မိဘများ၏လူမဆန်စွာပြောဆို ရိုက်နှက်မှုတွေလည်း ခံခဲ့ရသည်။အများအမြင်မှာ ဖူးဖူးမှုတ်ခံထားရတဲ့ သူဌေးသားလေးဆိုပေမဲ့ တကယ့်ဖြစ်ရပ်တွေကိုတော့ ဒေါ်လှနှင့် အိမ်ကူများသာသိသည်။

ညီဝင့်ထည်တစ်ယောက် ကိုကောင်းကိုလိုက်ရန်အချိန် ပြည့် အကြံထုတ်နေလေသည်။

ရွှေရောင်လင်း၏အိမ်တွင်
ဆိုဖာပေါ်၌သားမိသားဖ သုံးယောက်မျက်နှာချင်းဆိုင်ထိုင်နေကြပြီး

"သားရွှေရောင် ပြောယောက်ျားမယူချင်ဘူးဆို အခုတော့ နောက်လ11ရက်နေ့တဲ့။မလိုချင်လို့သာပဲနော်။

"ဖေဖေတို့လဲအဲ့လိုပဲဖြစ်စေချင်တာမဟုတ်လား"

ထိုအခါဒေါ်သက်ထားက
"ငါ့သားရယ် မေမေတို့က ကတိတည်ချင် ယုံတင်မဟုတ်ဘူး။ငါ့သားကို သားငယ်လေးနဲ့မှစိတ်ချလို့ပါ"

လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)Where stories live. Discover now