Part 3

70 4 0
                                    

မေဝင့်ထည်က ငြင်းလည်းမငြင်းခဲ့သလို လက်လည်းမခံခဲ့ပါ။စောင့်ကြည့်ဦးမယ်တဲ့လေ။
အဲ့ဒိအချိန်ကစပြီးမေဝင့်ထည်နဲ့ လင်းတို့ ရင်းနှီးလာခဲ့ကြသည်။မေဝင့်ထည်က ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူး ရခဲ့သော်လည်း သူမသဘောကျသည့် ပညာရေး တက္ကသိုလ် ကိုသာတက်ခဲ့သည်။လင်း ကလည်း ‌ေမဝင့်ထည်လိုပဲ ဆယ်တန်းမှာ5ဘာသာဂုဏ်ထူးပါခဲ့သော်လည်း ပညာရေး တက္ကသိုလ်ကိုသာရွေးတက်ခဲ့သည်

မေဝင့်ထည်က လင်းအသက် 20ပြည့်တဲ့နေ့မှာ အဖြေပြန်ပေးခဲ့ပြီး ချစ်သူ‌ေတွဖြစ်ခဲ့ကြသည်။

ယခုလက်ရှိ ပစ္စုပ္ပန်
အတွေးတေ‌ွပြည့်နေတဲ့ လင်းတစ်ယောက် အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းတောင် မသိလိုက်ပါ။

"မင်း ငါနဲ့ မ ကိုဝေးအောင် လုပ်တဲ့အတွက် ပေးဆပ်ဖို့ ပြင်ထားသင့်တယ်"လို့ကြိမ်းဝါးလိုက်သည်။

The next day

At MY LIFE Cafe

ဒီတစ်ခါတော့ လင်း စောရောက်နေခဲ့သည်

"Sorry မောင် အစည်းအဝေးမှာကြာနေလို့နောက်ကျသွားတယ်"

"ရတယ် ဒီနေ့ကျောင်းလဲပိတ်တယ်။"

"ကိုကို မနေ့ကပြောစရာရှိသေးတယ်ဆို"

"အေး "

"ငါ့မှာ ချစ်သူရှိတယ်"

"သိတယ်လေ ကိုကိုရဲ့။နာမည်က မေဝင့်ထည်မှတ်လား။ ကိုကိုစာသင်ပေးနေတဲ့ Loyal ကျောင်းက သူလည်းအထက်တန်းပြပဲ ဟုတ်တယ်မလား"

"မင်း!ဒါဆို မင်းကသိရဲ့သားနဲ့ လုပ်တာပေါ့လေ"

"ကျွန်တော်က အစောကတည်းက ကိုကို့ကိုပဲ လက်ထပ်မှာလို့ပြောဖူးတယ်လေ။ ပီးတော့ သူက ကိုကို့ကို တကယ်မချစ်ဘူးဆိုရင်ရော"

ထိုအချိန် လင်း၏စိတ်ထဲ ထောင်းကနဲ ဒေါသထွက်သွားတော့သည်။

"မ ကငါ့ကို မချစ်ဘူး လုံးဝမဖြစ်နိုင်တာ။ငါတို့တွဲခဲ့တာက 5နှစ် ခင်ခဲ့ကြတာ 6နှစ်
စုစုပေါင်း11နှစ်ရှိပီ မ အကြောင်းငါ အသိဆုံးပဲ မ လိုမိန်းကလေးမျိုးက ကိုယ်မချစ်ပဲနဲ့ သူများခံစားချက်ကို ကစားမဲ့လူမျိူးမဟုတ်ဘူး မ ကအရမ်းအားနာတတ်ပီး သိပ်ကို ကိုယ်ချင်းစာတတ်တာ"

လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)Where stories live. Discover now