ရွှေရောင် ကလေးလေးတွေကို ကြည့်လိုက်တော့ ဦးထုပ်ဆောင်းထားကြ၍ မျက်နှာမမြင်ရကြ။
ဘယ်ကလေးဘေးလေးတွေမှန်းလဲမသိ။နေသူတို့အိမ်က ကလေးတွေတော့ မဖြစ်နိုင်ဘူးဟုထင်မိပြီး
"သားတို့ ဘာဖြစ်လို့လဲ"
ခက်သွက်သွက် ကလေးလေးတစ်ယောက်က
"ဦးဦးရယ် အပြင်မှာနေပူပါတယ် အိမ်ထဲဝင်ပြီးအေးချေး ကြောကြရအောင်လေ။"
ဆိုပြီးကော့တော့ကော့တော့နဲ့ သူ့အိမ်လိုပဲဝင်သွားပါတယ်။ နောက်မှ နောက်တစ်ယောက် ကလည်း လိုက်ဝင်သွားသည်။ကလေးလေးကို ကြည့်ပြီးရွှေရောင် အနည်းငယ်ကြောင်သွားသည်။
အိမ်ထဲရောက်တော့ ဦးထုပ်မချွတ်ဘဲ ဆိုဖာပေါ်မှာအေးဆေး ထိုင်နေကြသည်။
"ထိုင်လေဦးဦး"ဆိုပြီး ဆိုဖာကိုလက်ညိုးထိုးပြတော့ သူဘာကြောင့်မှန်းမသိချင်ချင်း ထိုင်လိုက်မိသည်။
ရွှေရောင်ထိုင်ပြီးနော် အဲ့ဒိ ခက်သွက်သွက် ကလေးလေးကပဲ
လက်ညိုးထပ်လေးနှစ်ခုကို ပူးလိုက်ခွာလိုက်လုပ်ရင်း
"ဦးဦးခင်ဗျ သားသားတို့ နှစ်ရောက်ကိုဗွေမယူပါနဲ့""ဟမ်"
"ကိုကိုပြောလိုက်လေ ဦးဦးကို"
"ဦးဦးကို သားသားတို့က အိမ်ထဲဝင်ပြီးပြောရအောင်လို့ ဘာလို့ပြောလည်းဆိုတော့ အပြင်မှာက နေပူတယ်လေ ဦးဦးကဆောင်းစရာ ဦးထုပ်လည်းမပါတော့ အပူမိမှာစိုးလို့ပါ။"
'တကယ် အတတ်လေး နှစ်ယောက်ပါလား 'လို့ရွှေရောင်တွေးမိသည်။
ကလးထဲက အငယ်လေးက ဦးထုပ်ချွတ်လိုက်တဲ့ အခါမှာတော့ ရွှေရောင် ပြောစရာမဲ့သွားသည်။သူချစ်ရသူနဲ့ တစ်ပုဲစံထဲလေ။စကားပြောပုံကအစ။
အ့ဒါလေးကသူ့သား အငယ်လေးပေါ့။အကြီးလေးကဘယ်လိုလေးလဲ တွေ့ချင်သော်လည်း ပြောဖို့မချင့်မရဲ ဖြစ်မိတယ်။
"ကလေးတို့အိမ်ကို ခွင့်တောင်းခဲ့ရဲ့လား။"
"ဟင့်အင်း။ဒယ်ဒီနဲ့ မာမီကလည်းမရှိဘူး။ကြီးမေကြီးကလည်း အိမ်နေတယ်။တီတီစုနဲ့ တီတီယုကလည်း ရွာခဏပြန်သွားတယ်။"
လို့သားကြီးကထပြောတယ်။
![](https://img.wattpad.com/cover/368025332-288-k208337.jpg)
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း