4နှစ်ကြာသော်
"သားကြီး၊သားငယ်
သက္ကလေးနဲ့ ဧကလေးတို့ရေ
သားတို့ရေ""ဗျာ/ဂျာ"
"လာပြီdaddy""ဒီမှာသားတို့ မာမီပါလာတယ်။"
"မာမီ"
ဆိုပီး အသံဆာဆာလေးနဲ့ အမြွှာလေးနှစ်ယောက် အပြေးဆင်းလာကြသည်။တွေ့တာနဲ့ နေသူ့ရင်ခွင်ထဲကို အရင်ပြေးလာပြီး ပါးနှစ်ဖက်ကို တစ်ယာက်တစ်ဖက်နမ်ပြီး နေသူပြန်နမ်းပြီးမှ သူတို့မာမီဆီသွားကြသည်။
မာမီဆိုတာကတော့ အလီနာ ဖြစ်ပြီးနေသူ့၏ငယ်သူငယ်ချင်း ဖြစ်ပြီး အမြွှာလေးတွေကို မွေးပေးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်သည်။ နေသူရွှေရောင်နဲ့ ကွာရှင်းပြီး လန်ဒန်ကိုပြန်လာခဲ့တယ်။ကိုယ်ဝန်ကြီးနဲ့ပေါ့။
နေသူ့အတွက် အားကိုးရာက အလီနာနဲ့ သူ့မိဘတွေသာဖြစ်တယ်။နေသူသည်ဘကိုယ်ဝန်သည်သဘာဝ စိတ်ကျလွယ်တာတစ်မျိုး အရမ်းဝမ်းနည်းနေတာတစ်မျိုး ဆိုတော့ အကုန်လုံးက အရိပ်တကြည့်ကြည့်နဲ့ နေကြရသည်။
ကလေးမွေးတော့ အလီနာကကိုယ်တိုင် ခွဲမွေးပေးသဖြင့် ကလေးများကမာမီဟုခေါ်ခြင်းဖြစ်သည်။နေသူ အလီနာနဲ့ ကေလးတွေနဲ့ ကစားတာကြည့်ရင်း အတိတ်ကဖြစ်ရပ် တစ်ချို့ကို ပြန်သတိရနေတော့သည်။
မကွာရှင်းခင် နှစ်ဝက်အလို
နေသူနှင့်ရွှေရောင်တို့ ဒေါ်ဝေဆာ လန်ဒန်မှအလည်ပြန်လာရာ ဘုရားဖူးအတူတူသွားကြသည်။ ဘုရားတွင် ပန်းရောင်းနေသော ကလေးများကိုမြင်ကာ စိတ်မကောင်းဖြစ်နေသဖြင့် နေသူကချက်ချင်းပင် ကလေးများအား ကျောင်းစာရိတ် ထောက်ပံ့ ပေးရန်စီစဉ်ပေးလိုက်သည်။
ထိုချိန်မှ ရွှေရောင်မျက်နှာေလးပြန်ကြည်လာတော့သည်။နောက်နေ့ကျ ကစားကွင်းသွားကြရာ ဆော့ကစားနေသော ကလေးများကို ငေးကြည့်ရင်း ပြုံးရယ်နေတဲ့ ရွှေရောင့်အားကြည့် ပြီးနေသူက
"ကိုကို ကလေးလိုချင်လား"
"အင်း ငါ့သွေးသားကိုပဲ လိုချင်တယ်။"
"ဟုတ်ပီ ရစေရမယ်။"
"မဟုတ်တာတွေ လာမပြောစမ်းနဲ့။ ငါမမွေးပေးနိုင်ဘူး။"
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Любовные романыနေသူရိန်မင်း + ရွှေရောင်လင်း