'မောင်က ကိုကိုနဲ့ ပတ်သတ်လာရင် အမြဲပျော့ညံ့နေတုန်းပဲနော်'လို့တီးတိုးရွတ်ပြီး ရွှေရောင့်အားဆေးတိုက်ရင်ပြင်တော့သည်။
ဆေးမတိုက်ခင် ရွှေရောင့်အား
"ကိုကိုသက်သာလား။ ဗိုက်ရောအောင့်နေသေးလား။"
"ဟင့်အင်း"
"အဲ့ဒါဆို ကိုကိုအိပ်တော့နော်။မောင်ရေသွားချိုးလိုက်ဦးမယ်"
"အင်း"လို့ပြောပြီး ရွှေရောင်အိပ်လိုက်တော့သည်။
နေသူရေချိုးပြီးပြန်ထွက်လာတော့ အိပ်ပျော်နေတဲ့ရွှေရောင့်ကိုကြည့်ပြီး
"မောင့် အချစ်တွေနဲ့ရစ်ပတ်ပြီး နှလုံးသားလွန်းအိမ်ထဲ ထည့်ထားမှာမို့လို့ မောင့်ရစ်လုံးလေးက အများကြီး မဆိုးပါနဲ့နော် မောင့်ရစ်လုံးလေး။ အရမ်းပဲ ချစ်မြတ်နိုးရပါတယ် ကိုကိုရယ်"
လို့တိုးတိုးလေးပြောပြီး ရွှေရောင့်ရဲ့နှဖူးလေးငို နမ်းလိုက်ပြီး ရွှေရောင်ကြိုက်တဲ့ ခရုဆန်ပြုတ်ချက်ရန် အိမ်အောက်ကိုဆင်းသွားတော့သည်။ခဏအကြာမှာ ရွှေရောင်မျက်လုံး ပြန်ပွင့်လာခဲ့သည်။ နေသူေပြာခဲ့သမျှကို သူအကုန်ကြားသည်။
'မင်း ငါ့အပေါ် အဲ့လောက်တောင် ရူးသွပ်ရတာလား။ ဒါပေမဲ့ ငါ့မှာသားသမီး ဝတ်တရားရှိသေးတယ်။ ငါ့မိဘတွေအတွက် ငါ့ရဲ့ ဆက်ခံသူကို ငါမွေးထုတ်ပေးရမယ်။ အဲ့ကလေးကလည်း ငါနဲ့ ငါ့ဇနီးကရတဲ့ကလေးဖြစ်ရမယ်'
(An_နည်းပညာတေဖွင့်ဖြိုးတဲ့နိုင်ငံတေရှိပါတယ်ငါ့သားရယ်။နင့်ယောက်ျားကဘောစိဟာကို)
ရွှေရောင် အဖျားမပျောက်သေး၍ မေဝင့်ထည်နှင့် ချိန်းထားသည်ကိုတောင် မသွားနိုင်၍ ဖျက်လိုက်ရသည် ။ကျောင်းပျက်သည်မှာလည်း3ရက်တောင်ရှိပြီဖြစ်သည်။
နေသူကလည်း အရိပ်တကြည့်ကြည့်နှင့် ဂရုတစိုက်နှင့် ပြုစုပေးရှာသည်။အလုပ်ကိုလည်း အိမ်ကိုသာ သယ်လုပ်သည်။
ဆေးတိုက်၊ရေပတ်တိုက် ကလည်းလုံးဝအချိန်မှန်သည်။ရွှေရောင်လည်း တဖြည်းဖြည်းနဲ့ နေသူ့ကို သဘောကျလာသော်လည်း သူ့ရဲ့ ရင်ခုန်သံကိုတော့ လိမ်ညာဆဲပေါ့။
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း