အဖြူရောင်ရိုးရှင်းတဲ့ နှစ်ထပ်အိမ်လေးထဲမှာ
ရွှေရောင်လင်း နဲ့ သူ၏ဖခင် ဦးရွှေဖြူတို့အငြင်းအခုံဖြစ်နေကြတယ်"ဖေဖေ သားက အခြောက်မဟုတ်ဘူး။ အဲ့ဒါကြောင့် အဲ့ကောင်လေးကို လက်မထပ် နိုင်ဘူး။ ပြီးတော့ သားမှာချစ်သူရှိတယ်။ ဖေဖေတို့က ဒါကိုသိရက်နဲ့ လက်ထပ်ခိုင်းတယ်။သားသူ့ကို လုံးဝ လက်မထပ်နိုင်ဘူး။သူဘာသူ နာမည်ကြီး စီးပွားရေးဘုရင် ပဲဖြစ်ဖြစ် သမ္မတပဲဖြစ်ဖြစ် လုံးဝ လက်မထပ်နိုင်ဘူး။သား 'မ'ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်သလို လက်လည်း မထပ်နိုင်ဘူး။"
"ဖေဖေက မင်းကို ရွေးခြယ်ခိုင်းနေတာ မဟုတ်ဘူး။မင်းကို လက်ကိုလက်ထပ်ရမယ် လို့ပြောတာ။"
"ဖေဖေက သားကို အမိန့်ပေး ရအောင် အဲ့ဒိကောင် က ဖေဖေကို ဘယ်လိုခြိမ်းခြောက်ထားလို့လဲ။"
"မဟုတ်ဘူး သား ။ဖေဖေကိုယ်တိုင် ကိုကအဲ့ကောင်လေးကိုရွေးချယ်လိုက်တာ"
"ဖေဖေက သားကိုမချစ်ေတာ့လို့လား။ရတယ် ဖေဖေမချစ်လည်း သားက ဖေဖေ့ကိုချစ်မှာ။အဲ့ဒါကြောင့်အဲ့ကောင်နဲ့ လက်မထပ်ခိုင်းပါနဲ့နော်။ပြီးတော့ သားကလည်း သူ့ကို တစ်ခါမှ မမြင်ဖူးဘူးလေ။သူလည်းသားကို မမြင်ဖူးဘူး"
"သားငယ် အဲ့ကောင်လေးက သားကိုမြင်ဖူးတဲ့ အပြင် သားကိုလည်းချစ်လို့ လက်ထပ်ချင်တယ်လို့ ဖေဖေကို ခွင့်တောင်းခဲ့တာ။"
"ဟင့်အင်း ဖေဖေ သားသူ့ကို လက်မထပ်နိုင်ဘူး။သားကအဖြောင့် အခြောက် မဟုတ်ဘူး။"
"ရွှေရောင်လင်း!မင်းပြောလေ ဆိုးလေပါလား။ မင်း လက်မထပ်ချင်လည်း မောင်နေသူရိန်မင်းကို လက်ထပ်ရမယ်။"
"ဖေဖေအဲ့လောက်တောင် ဖြစ်နေရင် အဲ့ကောင်ကို ဖေဖေယူလိုက်ပါလား"
"မင်းပြောလေဆိုးလေပါလားကွ" 'ဖြောင်း' "ငါမင်းကောင်းဖို့ အတွက် စီစဉ်ပေးနေတာကွ "
ဦးရွှေဖြူတစ်ယောက် ဒေါသ မထိန်းနိုင်ပဲ ရွှေရောင် လင်း၏ ပါးပြင်ကို လက်နဲ့ရိုက်လိုက်မိတယ်။ရိုက်ပီးသွားတော့ ပါးနာသွားလို့ ပါးလေးကိုကိုင် ပြီးမျက်ရည်တွေစီးရျနေတဲ့ သားဖြစ်သူကိုကြည့်ပြီး သူစိတ်မကောင်းဖြစ်သွားတယ်။ လင်းရဲ့စိတ်ထဲမှာတော့
![](https://img.wattpad.com/cover/368025332-288-k208337.jpg)
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း