"အခုမငိုနဲ့တော့ ကျုပ်သားတွေနိုးကုန်တော့မယ်"လို့ပြောတော့ ရွှေရောင်က
"ဝှား ကိုယ်သွားအိပ်တော့မယ်"နေသူက ဘာမှပြန်မပြောတော့ ဆူအောင့်ပြီးအိမ်ပေါ် တက်သွားသည်။နေသူကတော့ ဧည့်ခန်းထဲမှာ စာရင်းတချို့လုပ်နေရင်းကျန်ခဲ့သည်။
တစ်ဖက်တွင် ရွှေရောင် ကလေးတွေရှိသည်ဟု ထင်ရသည့်အခန်းကို ဝင်ချင်သော်လည်း အပြစ်ရှိစိတ်ကြောင့် ဝင်ဖို့မရဲခဲ့ပေ။
အိမ်အပေါ်ထပ်တွင် အခန်း5ခန်းရှိသည်။တစ်ခန်းက ကလေးတွေအခန်း ဖြစ်ပြီး တစ်ခန်းကိုတော့နိုင်ငံခြားသူလေး ဝင်သွားသည်။ တစ်ခန်းကနေသူ့အလုပ်ခန်း နောက်ထပ်ကသူနဲ့နေသူနဲ့ နေတဲ့အခန်းနဲ့ အခန်းလွတ်တစ်ခန်း ဖြစ်သည်။
အရင်ဆုံး သူနဲ့ နေသူနဲ့အတူနေခဲ့သော အခန်းကိုအရင်ဝင်ကြည့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မဝင်ရဲပါ။မနည်းအားတင်းဝင်ကြည့်လိုက်တော့ နေသူကထိုအခန်းထဲမှာပဲ နေသည်ကိုသိလိုက်သည်။
11နာရီထိုးတော့ နေသူအိမ်ပေါ်တက်သွားသည်။အခန်းထဲဝင်လိုက်တော့ ရွှေရောင်ကအိပ်ပျော်နေပီဖြစ်သည်။ ရွှေရောင့်အားသေချာကြည့်ပြီး
'ပိန်သွားလိုက်တာ။ခင်ဗျားက ကိုယ့်ကိုကိုယ် ဘယ်တော့မှဂရုမစိုက်ဘူး။တခြားလူတေကိုပဲ ဂရုစိုက်တာ ကျွန်တော်မဟုတ်တဲ့။'
ကြည့်လို့ဝသွားတော့မှ
"ဟေ့လူ။ဟေ့လူ။ထ ထ ဘာလို့ကျုပ်အခန်းထဲလာအိပ်နေတာလဲ ။တခြားအခန်းကအားတယ်လေ။"
"အင်း "
"အင်းတွေအဲတွေလုပ်မနေနဲ့ ထ"
"မောင်ကလည်း သူများအိပ်နေတာကို။ မောင်နဲ့အတူတူအိပ်ချင်လို့လေ။လာပါ အိပ်ရအောင် အတူတူ။"
"ခင်များကို ဘာဝင်ပူးနေတာလဲ။ကျုပ်နဲ့ အိပ်ရအောင် ကျုပ်တို့ကဘာမှမဆိုင်ဘူး။"
"ပိုင်ဆ်ုင်ခဲ့ဖူးတယ်လေ။"
"ဆိုင်ဖူးခဲ့တာပါ။မပိုင်ခဲ့ဖူးဘူး။"
"တော်ပါ လာအိပ်ရအောင်။"ဆိုပြီး ကုတင်ပေါ်ဆွဲချပြီးခွထားတာ နေသူရုန်းမရ။
'လူသာပိန်သွားတာ အရိုးကအားရှိတယ်ဟ။'

YOU ARE READING
(ခနရပ်နား)လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romansaနေသူရိန်မင်း + ရွှေရောင်လင်း