Part 6

74 3 0
                                    

CEOကို တစ်ယောက်မှမမြင်ဖူးကြ။အိမ်ကနေပဲအလုပ်လုပ် နေသည့်အတွက် သူ၏ အတွင်းရေးမှူးကောင်းမြတ် တစ်ယောက်သာမြင်ဖူးသည်။

နေသူ 22နှစ်ပြည့်ရန်2ပတ်အလို

"ဒယ်ဒီ မာမီ သား မြန်မာနိုင်ငံကိုပြန်‌သွားချင်ပီ။ကိုကို့ကို အပြင်မှာအရမ်းတွေ့ချင်နေပီ"

ထိုအခါဒေါ်ဝေဆာက
"သားရယ် မွေးနေ့ပြီးမှပြန်ပါကွယ်။မာမီတို့က သားလက်ထပ်မှ လာခဲ့လို့ရမှာကို ခဏ‌လောက်ထပ်နေပါဦးကွယ်"

"မာမီကလည်း"

"ဟေ့ကောင် မာမီကလည်းလုပ်မနေနဲ့ သားငယ်ရဲ့ကိုကို့မှာ ရည်းစားရှိတာကို သားငယ်သိပါတယ်နော်"

"သားသိပါတယ် ဒယ်ဒီ အဲ့တစ်ယောက်ကြောင့်ပဲ ကိုကိုကျောင်းဆရာ လုပ်ခဲ့တာလေ
ဒါပေမဲ့ကိုကိုက သားအပိုင်မို့ သားအပိုင်အဖြစ်သွားသိမ်းမလို့ "

"သားငယ် အဲ့လိုလုပ်ရင် ဖြစ်နိုင်မဲ့ အဆိုးဆုံးအခြေအနေကိုပါ တွေးထားသင့်တယ်လို့ ဒယ်ဒီထင်တယ်နော်။အဲ့ဒိအခြေအနေအတွက် သားအသင့်ပြင်ပြီးသွားပြီလား ခံနိုင်ရည်ရောရှိပြီလား"

"သားရဲ့စိတ်ကို အသင့်ပြင်ထားပြီးပါပြီ ပြီးတော့သားနောရ်မှာဒယ်ဒီတို့ ဦးဦးတို့ ကိုကောင်းရော ကိုဗညားမင်းဟန်တို့ ကိုသပြေလည်းရှိပါတယ် သားလဲကျသွားရင်သားကိုအားပေးနေကြမှာပေါ့ မဟုတ်ဘူးလား။"

"ဟုတ်တော့ဟုတ်တာပေါ့ သားရယ် တစ်ခုခုဖြစ်ရင် သားမာမီတို့ကို အချိန်မရွေးပြောလို့ရတယ်နော်။"

"ဟုတ်ကဲ့ပါမာမီ သားကိုစိတ်မပူပါနဲ့ သားမွေးနေ့ပြီးတော့မှသွားမှာပါနော်"

နေသူသည်မြန်မာနိုင်ငံမှာ ကိုကောင်းကို ကိုယ်စားလှယ်လွှတ်ပြီး အလုပ်တွေလုပ်ရာတော်တော်လေး အောင်မြင်နေပြီဖြစ်သည်။မြန်မာကိုပြန်ပြီးသူ့ကိုကိုကို လက်ထပ်ရန်သာလိုတော့သည်။

မွေးနေ့ပြီး ပြီးနောက်နေ့
"အမလေးး ငါ့သားက ဘယ်ဘလာက်တောင် ယောက်ျားလိုချင်လဲ ဆိုတာ သူ့မာမီကမွေး
နေ့ပြီးမှသွားဆိုလို့ မနေ့ကမွေးနေ့ပြီးတယ် ဒီနေ့ သူ့ကိုကိုဆီကိုပြန်ပြီ တော်တော်ကိုဖြစ်နေတာ။"

(ခနရပ်နား)လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)Where stories live. Discover now