နေသူ့၏ စိတ်ထဲတွင်တော့ 'ကိုကိုက ငါ့ကိုမချစ်ရင်နေလိမ့်မယ် သစ္စာတော့ဖောက်မှာမဟုတ်လောက်ပါဘူး။ငါ ကိုကို့ကို စိတ်မခုသင့်ဘူး'
နေသူလည်း မုန့်ဝယ်ပြီးအိမ်သို့ အမြန်ပြန်လာခဲ့သည်။ နေသူ ရွှေရောင်ပြန်ရောက်ချိန် နာရီကြည့်လိုက်တော့ ည8နာရီ ထိုးပြီးနေလေပြီ။
ရွှေရောင့်အား ခဏနားခိုင်းပြီး ရေချိုးခိုင်းပြီး အောက်ပြန်ဆင်းလာတော့ ထမင်းအတူတူစားကြသည်။ထမင်းစားပြီးတော့ အချိုတည်း ရန်ဝယ်ထားသော စတော်ဘယ်ရီကိတ်မုန့်နဲ့ နွားနို့တိုက်ပြီး ရွှေရောင်စားနေချိန်တွင်"ကိုကို ဒီနေ့ဘာလို့ အိမ်ပြန်နောက်ကျတာလဲ။"လို့မသိချင်ေယာင်ဆောင်ပြီး မေးတော့
"ငါ•••ငါအိမ်စာတွေ အိမ်သယ်မလာချင်လို့ အပြီးစစ်နေလို့။ဘာလဲ မင်းကအခုထဲက သံသယတွေများနေပြီလား။"
"မဟုတ်ပါဘူး ကိုကိုရယ်။မောင်ကကိုကို့ကို ယုံပြီးသားပါ။ကိုကိုကသစ္စာတော့ ဖောက်မှာမဟုတ်ဘူးလေ။"
နောက်ဆုံးစကားကို နေသူ တမင်ဖိပြောလိုက်တော့ ရွှေရောင့် မျက်နှာက ကွက်ခနဲပျက်သွားတာကို နေသူကသေချာမြင်လိုက်၍"ကိုကို့ကို မောင်ကပြောချင်တာက နောက်ကျမယ်ဆို ဖုန်းလေးဘာလေး ကြိုဆက်ပေးဦး။ မဆက်ချင်ရင် မက်ဆေ့ခ်ျလေးတော့ပို့ထားပေးပေါ့။မောင်စိတ်ပူပြီး လူပျောက်တောင်တိုင်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။"
"အခုပြန်ရောက်ပြီပဲ လူပျောက်တိုင်စရာမလိုဘူး။"
"ဟုတ်ပါပြီ မောင်ကစကားအဖြစ် ပြောတာပါ ကိုကို့ကချစ်ဖို့ကောင်းတော့ တခြားလူတွေနဲ့ စိတ်မချလို့ပါ အဟင်း။ ကိုကိုလမ်းခဏလျှောက်ဦးမှာမလား ညဉ့်မနက်စေနဲ့နော်။မောင်ပင်ပန်းလာလို့ အရင်အိပ်နှင့်မယ်။"
ရွှေရောင်ခေါင်းငြိမ့်ပြီး လမ်းေလျှာက်ရန်ခြံထဲသာ ဆင်းလာခဲ့လိုက်တော့သည်။ သူ့ရဲ့ဒီနေ့လုပ်ရက်ပေါ်ပြန်စဉ်းစားပြီး
"ဟိုကောင် ငါ မ နဲ့လျှောက်လည်တာ သိသွားတာလား။မဟုတ်လောက်ပါဘူး အဲ့ကောင်က 5နာရီလောက်မှအလုပ်က ပြန်လာနေကျပါ။ မဖြစ်နိုင်တာ ဖြစ်လဲဘာဖြစ်လဲ အကုန်လုံးသူ့ဘက်ကပဲ သူ့သဘောနဲ့ လုပ်ထားတာတွေလေ။ ငါလုပ်ထားတာမဟုတ်လို့ အားနာစိတ်ဖြစ်စရာမှမလိုတာ။ဟုတ်တယ် သူ့ကိုအားနာစရာမလိုဘူး။"

YOU ARE READING
(ခနရပ်နား)လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Любовные романыနေသူရိန်မင်း + ရွှေရောင်လင်း