နေသူသတိမေ့နေသောမနက်ခင်း
ရွှေရောင်တစ်ယောက် ကိုခန့်ညားတို့ ပြန်သွားတော့ နေသူ့ကို လုပ်ပေးနေရတာနဲ့ပဲရေ ကဖြစ်သလို ချိုးထား၍ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့တယ်။ ဝင်ပြီးမကြာခင်မှာ နေသူသတိရလာပြီး ထရန်ပြင်ချိန်တွင် ရွှေရောင့်ရဲ့ ဖုန်း vibration ကေတာက်ေလျှာက် မနားတမ်းအရမ်းမြည်လာခဲ့သည်။ နေသူက contact name ကိုကြည့် ကြည့်တော့ 'မ'တဲ့ ။နေသူကမကိုင်ဘဲကြည့်နေခဲ့တယ်။ ရွှေရောင် ရေချိုးပြီးပြန်ထွက်လာတော့နေသူက သတိလစ်နေတုန်းယောင်ဆောင်ခဲ့တယ်။
ရွှေရောင်က ဖုန်းကောက်ကိုင်ခဲ့ပြီး"ဟယ်လို"
'ဟယ်လို လင်း မ နေမကောင်းလို့ အိမ်မှာဘယ်သူမှမရှိလို့ လာခဲ့ပါဦး။'
"ဟုတ်ကဲ့မ လင်းအခုပဲထွက်လာခဲ့မယ်နော်"ဆိုပြီး ရေခြောက်အောင်မြန်မြန်သုတ် အဝတ်ကို ကပြာကယာ ဝတ်ပီးထွက်သွားတော့တယ်။
အသံကိုတချိန်လုံး နားစွင့်နေတဲ့နေသူကတော့
"ကိုကိုက သတိလစ်နေတဲ့မောင့်ကိုတောင် ပစ်သွားရအောင် အ့အစ်မက ကိုကိုအတွက်ဘယ်လောက်တောင် အရေးကြီးနေလို့လဲ။ မောင်သည်းခံနိုင်သ၍ သည်းခံပေးမယ်နော်။ မောင့်နားကထွက်ပြီးအ့ အမျိုးသမီးဆီမသွားပါနဲ့ အ့အမျိုးသမီးက ကိုကို့ကို အသုံးချနေတာ။သူမက ကိုကို့ကို တကယ်မချစ်ဘူး။ ကိုကိုသူမဆီသွားမှ ကိုမောင်ကြောက်လို့ပါနော် ကိုကိုရယ် မောင်နားကထွက်မသွားပါနဲ့ မောင် အရမ်းကြောက်လို့ပါ ကိုကိုထားသွားမှာကို"နေသူတစ်ယောက်အခန်းထဲမှာတစ်ယောက်ထဲ စကားေတွပြောရင်း ငိုနေပြီး မကြာခင် ဟန်ဆောင်နေတဲ့ ပုံအတိုင်းပဲ အိပ်ပျော်သွား ခဲ့တယ်။ ရွှေရောင်ပြန်ရောက်လာတာကို တောက်နေသူ မသိလိုက်ပါ။
ရွှေရောင် ကနေသူမနိုးခင်15 မိနစ်လောက်အလိုမှပြန်ရောက်ပြီး
"သတိပြန်လည်နေပီထင်နေတာ။မလည်သေးတာလည်းကောင်းပါတယ်လေ ပြဿနာ မရှင်းရဘူးပေါ့"လို့ပြောလိုက်သတဲ့
ရွှေရောင်ကလည်း မေဝင့်ထည်ဆီသွားပြီး ဆေးခန်းပြလိုက်ပေးဘာညာနဲ့ နေ့လည်2နာရီခွဲလောက်ပြီးသွားပီး မေဝင့်ထည်အား အစားကျွေး ဆေးတိုက်ပြီး ပြနိရန်အလုပ် ခါးကိုအတင်းဖက်၍ နိုးလာမှပြန်ခိုင်းခဲ့သည်။
ကံကောင်းထောက်မ၍4ခွဲလောက်ကနိုး၍ မနည်းပြောပြီး ပြန်လာခဲ့ ရသည်။

YOU ARE READING
(ခနရပ်နား)လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romantizmနေသူရိန်မင်း + ရွှေရောင်လင်း