နေသူကစာကူမစစ်ပေးသေးခင် အလုပ်ကပြန်လာချိန်ဝယ်လာသော မုန့်ကို ရွှေရောင်ရေသွားချိုးချိန်မှာ ပြင်ဆင်ပေးပြီး ဧည့်ခန်းထဲက စားပွဲပေါ်မှာသေချာတင်ပြီး ရွှေရောင်နမူနာစစ်ပြီးသည့် စာအုပ်ကိုယူ၍ စာစစ်ခြင်းလုပ်ငန်းစဉ်တို့ အားစတင်လိုက်တော့သည်။
ရွှေရောင် အိမ်ပေါ်ကဆင်းလာပြီး ခါတိင်းကဲ့သို့ပင် မုန်စားရင်း စာစစ်နေလိုက်သည်။ အတူတူထိုင်ကာ စာစစ်နေကြသော်လည်း စကားတစ်ခွန်းမှ မပြောကြ စာကိုသာ ကုန်းစစ်နေကြသည်။ အတန်းကသုံးတန်းစာ ဆိုတော့ စစ်စရာကများသည်။
ညနေစောင်းတော့ လင်လင်နှစ်ယောက် စာစစ်နေကြသဖြင့် ဒေါ်အေးမာနှင့် ညီမနှစ်ယောက်က ညစာပြင်ပေးကြသည်။ 8နာရီထိုးတော့ နှစ်ယောက်လုံးခဏနားကာ ထမင်းအတူတူစားကြသည်။
ရွှေရောင့်စိတ်ထဲတွင်တော့ ခါတိုင်းစားနေကြလက်ရာမဟုတ်၍ စားမကောင်းဖြစ်နေသည်။ ထိုအရာကို ရိပ်မိတဲ့နေသူက
"ဒီဟင်းတွေက အရသာမရှိဘူးဆိုရင် အိမ်မှာအလွယ်စားစရာက ခေါက်ဆွဲထုပ်တွေပဲရှိတယ် ကိုကိုစားချင်လား။"
"Spicy ရှိလား Spicy ပဲစားချင်တယ်။"
"မိုးချုပ်နေပီလေ မောင့်ရဲ့ကိုကိုရယ် ညကျဗိုက်အောင့်နေဦးမယ်။"
"ရတယ် အဲ့ဒါပဲလုပ်ပေး အဲ့ဒါပဲစားမှာ။"လို့ပြောပြီး နှုတ်ခမ်းထော်လာတော့ နေသူအနည်းငယ် အကြပ်ရိုက်သွားသည်။မကျွေးလျှင်လည်း ဘာမှစားမည်မဟုတ်။
"ဟူးး ပြောရခက်လိုက်တာ ကိုကိုရာ။"
ဆိုပြီး ပါးစပ်ကသာပြောနေတာ လက်ကတော့ ရေနွေးအိုးတည်နေပြီ။ပြီးတော့ ကြက်ကြောလုံးတို့လို အကင်ချောင်းတွေ ကြော် ပြီးရင် ရွှေရောင်ကြိုက်တဲ့ ထောပတ်သီးကို သကြားလေးနည်းနည်းထည့်ကာ ဖျော်ရည်ဖျော်လိုက်သည်။
အကုန်လုံး ပြီးတာနဲ့ စာစစ်ရင်းစောင့်နေမယ်ဆိုတဲ့ ရစ်လုံးလေးကို သွားခေါ်ရတော့တယ်။
"ကိုကိုရေ ခေါက်ဆွဲစားလို့ရပြီနော်"
နေသူ့အသံလည်းကြားရော ရွှေရောင်တစ်ယောက်ခေါင်းငြိမ့်ပြပြီး ထမင်းစားခန်းထဲတန်းပြေးတော့သည်။
![](https://img.wattpad.com/cover/368025332-288-k208337.jpg)
YOU ARE READING
လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)
Romanceနေသူရိန်မင်း + ရွှေရောင်လင်း