Part 4

45 3 0
                                    

"အေးပါ မောင်ရယ်"
ဆိုပြီးအိမ်ပြင်ကို အမြန်ထွက်လာခဲ့ကြသည်။

"ဟယ် အမ အဆင်ပြေရဲ့လား"ဆိုပြီး သတိလစ်မလိုဖြစ်‌ေနသည့် အမျိုးသမီးကြီးကို ဒေါ်ဝေဆာအောင်က ယယ်ခပ်ပေးနေသည်။

"မောင်ရေသွားခပ် ပြီးရင် ကားပါ တခါတည်းထုတ်ခဲ့ ဆေးရုံသွားရအောင်"

ဆေးရုံတွင်
"ကျွတ် ကျွတ် အား"

"အမသတိရပီလား ခေါင်းကိုသိပ်မလှုပ်နဲ့ဦးနော် အမရယ် နေကပူ သွေးကတိုးနဲ့ တောင်ပါသေးရဲ့ ဦးနှောက်သွေးကြောမပေါက်သွားတာ"
"ကျေးဇူးတင်ပါတယ် ဒီက  ညီမရယ် အမနာမည်က သက်ထားရွှေပါ အသက်က32နှစ်ပါ"

"ညီမနာမည်ကဝေဆာအောင်ပါ အသက်က25နှစ်ပါ"
"အော်  ငယ်သေးတာပဲ"

"ဒီဘက်က ညီမ အမျိုးသားပါ။"

"မြတ်မင်းသော်ပါ အမ တွေ့ရတာဝမ်းသာပါတယ်"

"အေးအေး ဒါနဲ့ သားသားရော"

"သားသားက အိမ်မှာ ကြီးမေတို့နဲ့ထားခဲ့တာ"

"သားသားက လူလိမ္မာလေးပဲနော် တော်တော်ချစ်ဖို့ကောင်းတာ"

"အရမ်းလဲဆရာလုပ်တဲ့အပြင် သိပ်လည်းအမေး အမြန်းထူသလားမမေးန‌ဲ့"လို့ ဒေါ်ဝေဆာအောင်က စကားထောက်လိုက်တော့ သုံးယောက်လုံးပြိုင်တာရယ်လိုက်မိကြသည်
"အော်ဒါနဲ့ မမတို့ မိသားစုကိုလည်းဆက်သွယ်ရဦးမယ် ဟိုကစိတ်ပူနေတော့ မှာပဲ"

"ဟုတ်သားပဲ"

ဆိုပီးဆက်သွယ်လိုက်တော့ ဦီးရွှေဖြူ ဆေးရုံကို အပြေးရောက်လာခဲ့တယ်။

"မသက် ရယ် ကျွန်တော်မှာလိုက်ရဲ့သားနဲ့ လိုက်ပို့ပေးရမလားလို့ စိတ်ပူလို့ပြောတော့ မလိုက်နဲ့ဆိုပီး ထွက်သွားတယ်။မသက်ရယ်။ အော် ဒီဘက်က ညီမတို့ကို ကျေးဇူးတင်ပါတယ်ကွာ တကယ်စိတ်ရင်းနဲ့တင်တာပါနော်။"

"ရပါတယ်အကိုရယ် သားသားသိလို့ မဟုတ်ရင် ညီမတို့လည်းသိမှာမဟုတ်ပါဘူး။"

"ဟုတ်လား။အခုသားသားကရော သားသားကိုကျေးဇူးတင်ချင်လို့ပါ"

"သားသားက အိမ်မှာကျန်ခဲ့တယ်။မနက်ဖန်မှအမဆီလာရင်း ခေါ်လာခဲ့မယ်လေ။"

လွန်းအိမ်နှင့်တူသောနှလုံးသား(မောင်သိပ်ချစ်တဲ့ လွန်းဆံရစ်လုံးလေး)Where stories live. Discover now