အပိုင်း 29

1.8K 112 22
                                    

အပိုင်း 29

မင်္ဂလာဆောင်က နီးသည်ထက် ပို၍နီးလာလေသည်။
မမနွေလည်း  မနက်ကတည်းက ဟိုပြေးလိုက်ရ သည်ပြေးလိုက်ရနဲ့ အတော်လေးမောနေပုံရတာမို့ မင်းငယ် မမနွေအတွက် Royal Dဗူးလေး ဝယ်ထားသည်။

ခဏအကြာတွင် မမနွေနဲ့ မီမီ ငှက်ပျောခြင်းတွေနဲ့ အိမ်ကိုပြန်ရောက်လို့လာသည်။

"မမနွေ ရော့ အအေးလေးသောက်‌လိုက် ...နေပူတော့ချွေးထွက်များပြီး မူးနေမယ်...ငှက်ပျောခြင်းတွေ မင်းငယ်နဲ့ တခြားတစ်ယောက် သယ်လိုက်မယ်"

"အမလေးတော်...ကျမလည်း ငှက်ပျောသီးခုတ်လာရတာပါတော်...ကျမကိုကျ အအေးမတိုက်ပဲ မမနွေပဲ ကွက်တိုက်တယ်ဆိုတော့ မင်းငယ် သိပ်ဘက်လိုက်တာပဲ"

မီမီတစ်ယောက် မင်းငယ်ကို စပြီးပြောလိုက်သည်။
မင်းငယ်လေးက ခေါင်းလေးကုတ်ကာ သူ့အားရယ်ပြသည်။

"ဘေဘီ! ဘေဘီသဲသဲ! "

သူခေါ်နေတာ အတော်နဲ့မထူးတဲ့ ဘေဘီတစ်ယောက် နားကြပ်တပ်ပြီး ဖုန်းကြည့်နေတာဖြစ်လိမ့်မည်။

"မင်းငယ် ဘာလုပ်မလို့လဲ"

"ဟို မီမီအတွက် ဘေဘီကို အအေးဗူးသွားဝယ်ခိုင်းမလို့လေ"

"တော်ပါပြီ မင်းငယ်ရာ...မီမီက စတာပါ...မမနွေကိုသာတိုက်လိုက်"

"ပြီးရင် မင်းငယ် သွားဝယ်ပေးမယ်နော်...‌မီမီလည်းမောလာတာပဲ...မီမီ နားတော့လေ...မင်းငယ် အိမ်ထဲက‌တစ်ယောက်ခေါ်ပြီး ငှက်ပျောသီးတွေသယ်လိုက်မယ်"

"အေးအေး"

မီမီအိမ်ထဲဝင်သွားသဖြင့် သကြားပင်အောက်က ကွပ်ပျစ်လေးပေါ်မှာ မမနွေနဲ့ မင်းငယ်သာရှိသည်။

"မမနွေ မောနေလား...မင်းငယ် ငှက်ပျောတောလိုက်ခဲ့မယ်ဆိုတာကို မမနွေက မခေါ်ဘူး"

"ဟော ကလေးပင်ပန်းမှာ စိုးလို့ပါနော်"

"အခုကျ မမနွေပင်ပန်းရပြီ...နေဦး မင်းငယ် သကြားသီးခူးပေးမယ်"

မင်းငယ် မမနွေအတွက် သကြားသီး လက်တစ်ခုပ်ပြည့်အောင်ခူးလိုက်သည်။

"မမနွေ ရော့စား"

သကြားသီးသိပ်ကြိုက်တဲ့ မမနွေက သူ့လက်ထဲက သကြားသီးလေးတွေကို တစ်လုံးပြီးတစ်လုံးယူကာစားလေသည်။

နွေလမင်းရဲ့ ချစ်ခြင်းပင်လယ်(Completed)Where stories live. Discover now