Part.1

2.7K 329 42
                                    

[ ယူရီပြန်လာပါပြီ ၊ ယူရီကြိုးစားပြီးရေးသားပါ့မယ်ရှင် အမှားတစ်စုံတစ်ရာပါခဲ့ရင် နားလည်ပေးပါရှင် ။ actionကယူရီအတွက်ပထမဦးဆုံးဆိုတော့ စာဖတ်သူ နားလည်လွယ်အောင် ပေါ်လွင်အောင်တော့အတတ်နိုင်ကြိုးစားရေးပါ့မယ်ရယ် ... ]

~~~~~~~~~~~~~

" သမ္မတလီဟန်ရဲ့မြေးဖြစ်သူကို ပြန်ပေးဆွဲခံထားရပါတယ် .. ဘယ်ဂိုဏ်းအဖွဲ့အစည်းဆိုတာကိုတော့ သက်ဆိုင်ရာရဲဌာနက တရား၀င်ဖွင့်ပြောထားချင်း
မရှိသေးပါဘူး .. ပြန်ပေးဆွဲခံရတာ မနေ့ကညနေကလို့ ရဲဌာနဘက်က အမည်မသိမဖော်လိုသူ တစ်ယောက်က ပြောကြားထားပါတယ် .. သတင်းကိုအချိန်နဲ့တစ်ပြေးညီထုတ်လွှင့်တင်ပြပါ့မယ် "

Breaking News အဖြစ်တတ်လာသည့်သတင်းတစ်ခုကြောင့် ကိုးရီးယားပြည်သူပြည်သားတစ်ချို့
ထိတ်လန့်ကုန်ကြသည် ..

နာရီပိုင်းအတွင်းမှာ သတင်းသမားတွေသည်
ရဲဌာနရှေ့မှာ အုတ်အုတ်ကြွကြွရောက်လာကြတာကြောင့် တာ၀န်ကျအစောင့်ရဲများကတားယူရသည် ..

ခဏအကြာ၌ ရဲဌာနချုပ်မှာအကြီးဆုံးဖြစ်သော ရဲမှူးကြီးထွက်လာကာ ဖြစ်ရပ်မှန်သတင်းကို
ရှင်းပြဖို့ဌာနရှေ့ထွက်လာသည်နှင့်တစ်ပြိုင်တည်း သတင်းသမားများက ကြိတ်ကြိတ်တိုးရှေ့တိုးလာတော့ တာ၀န်ကျရဲတပ်သားများက တားစီးကာနောက်သို့ဆုတ်စေသည် ..

" ကျွန်တော်တို့အခြေအနေကိုစောင့်ကြည့်နေစဲပါပဲ ..
သူတို့ဆီက သတင်းကိုစောင့်နေပါတယ် ဒီလောက်ပဲပြောလို့ရပါ့မယ် "

" ဘယ်အဖွဲ့အစည်းမိုလို့ဖွင့်မပြောနိုင်ရတာလဲ
ကိစ္စအတော်လေးကြီးမှားပုံရတယ် .. မနေ့က ညနေကသတင်းကို ရဲဌာနဘက်ကချက်ချင်းမထုတ်ပြန်ဘဲ ဒီနေ့မှထုတ်ပြန်ခဲ့ရတာပါလဲ "

" ရဲဌာနဘက်ကဘာလို့ အချိန်တွေဒီလောက်
ဆွဲနေရတာလဲ .. "

ရဲမှူးကြီးဆီ မိုက်တွေထိုးလာ၍ သတင်းထောက်တစ်ယောက်ပြီးတစ်ယောက်မေးခွန်းထုတ်တော့သည် ...

ထိထိမိမိမေးလာသည့်မေးခွန်းများကြောင့်ရဲမှူးသည်လည်းချွေးစောပြန်နေပေမယ့် အမူအရာမပျက်စေအောင်ထိန်းထားသည် ...

Captain Kim ( Completed )Where stories live. Discover now