Part.23

1K 189 9
                                    

Jeonနဲ့ စကားအခြေအတင်ဖြစ်ပြီးခဲ့သည့်နောက်ပိုင်းကျွန်တော့်ကိုစိတ်ဆိုးနေသလို စကားတောင်မပြောတော့သည့်အနေအထားဟာ ကျွန်တော့်အတွက် ထူးအဆန်းပုံစံဖြစ်ပြီးစိတ်မကောင်းလည်းဖြစ်ရသည် ...

ရေချိုးခန်းထဲမှာ ထွက်လာမည့် Jeonကို ကုတင်ပေါ်မှာထိုင်ကာစောင့်နေတာ .. ဒီနေ့စကားပြောဖို့
ကြိုးစားကြည့်ရမယ် .. Jeon နားလည်ရင်ကောင်းမှာပဲ .. Jeon ကခေါင်းမာလွန်းလို့ ဘယ်လိုပင်
နားချမှန်းတောင်မသိတော့ပါ ...

ရေချိုးခန်းထဲကနေ ထွက်လာပြီးတော့ သူ့ကို
တစ်ချက်လေးမှ မျက်လုံး၀ေ့တောင်မှမကြည့်ပေ .. အ၀တ်ဗီဒိုကိုဖွင့်ကာ အ၀တ်အစား၀တ်နေလေ
သည် ..

" Jeon ဘယ်သွားမလို့လဲ .. "

ကျွန်တော့်အား စကားပြန်ပြောနိုးနိုးစောင့်နေခဲ့
ပေမယ့် ရှိတယ်လို့တောင်မထင်သည့် Jeon အား စကားစပြောလိုက်ခြင်းဖြစ်သော်ငြား ကျောပေးထားဆဲဖြစ်ပြီး စကားပြန်ပြန်မရ ။ လုပ်စရာရှိတာသာဆက်၍လုပ်နေသဖြင့် Jeonရဲ့ ပဋက္ခပြုမှုတွေသည် ကျွန်တော်နဲ့စိမ်းသက်သက်ဖြစ်ရသလို ရင်ထဲနင့်ခနဲခံစားရသေးသည်...

Kim ထလာကာ jungkook လက်မောင်းကိုဆွဲလှည့်လာကာ မျက်နှာချင်းဆိုင်လိုက်လျှင် အားမလိုအားမ
ရဖြင့်မေးလာကာ ..

" Jeon ပြန်ဖြေဦးလေ .. စိတ်ဆိုးနေတာလား jeon
ဒီလိုမျိုးလုပ်နေတော့ မနေတတ်တော့ဘူး .. "

ကျစ် !

Jungkook စိတ်ပျက်လက်ပျက်ဖြင့် စုတ်တစ်ချက်
သက်လိုက်မိတော့ Kim မျက်ရည်၀ဲကနဲပင်ဖြစ်လို့သွား၏ ..

" Jeon .. စိတ်ပျက်သွားတာလား ဟုတ်လား ဖြေလေ .. အဲ့လိုဥပက္ခာမပြုပါနဲ့ .. "

" မင်းရဲ့ဦးစားပေးက ကိုယ်မဖြစ်နေသ၍ ငါဒီလိုပဲဒေါသဖြစ်နေရမှာပဲ .. မင်းကိုပေါ့ပေါ့တန်တန်ချစ်ခဲ့တာမဟုတ်ဘူး .. ကိုယ့်အသက်ထက်ပိုချစ် ပိုမြတ်နိုးခဲ့တာ ...မင်းပြက်ပြက်သားသားပဲဆုံးဖြတ်လိုက် .. "

" လုပ်ချင်တိုင်းလည်းလုပ်လို့မရဘူး ..
Jeon အတွက်ပြောနေရတာ.. "

" မင်းမပါမချင်း ဒီနိုင်ငံက ထွက်မသွားနိုင်ဘူးလို့ပြောထားပြီးသားပဲကို .. မင်းကကိုယ်နဲ့ရှိနေမှရ
မယ် .. "

Captain Kim ( Completed )Where stories live. Discover now