တစ်နှစ်ခန့်အကြာမှာ မှောင်ခိုလက်နက်အရောင်းအ၀ယ်သည် ကိုးရီးယားမှာတွင်တွင်ကျယ်ကျယ်ဖြစ်လာခဲ့သလိုကုမ္ပဏီကလည်းပြိုင်စံရှား ..
ကုမ္ပဏီရုံးခန်းထဲ ရေးကြီးသုတ်ပြာဖြင့်
အပြေး၀င်လာသည့် Eunwoo .." ၀န်ကြီးချုပ်ဂန် အရေးတကြီးဖုန်းဆက်လာတယ်
ငါတို့လက်နက်အရောင်းအ၀ယ်လုပ်နေတဲ့
ကိစ္စတွေနဲ့ပတ်သတ်ပြီး အချက်အလက်တွေကို
အမတ်ဂွမ်လိုက်စုံစမ်းနေတယ် တဲ့ "" ၀န်ကြီးချုပ်နဲ့သူက သမ္မတဖြစ်ဖို့အရေးပြိုင်ဆိုင်နေကြတာ ၀န်ကြီးချုပ်ဂန် ငါတို့အဖွဲ့နဲ့နဲ့ဆက်စပ်မှု
ရှိနေတော့ သူ့ကိုထောက်ပံ့မှုပေးနေတဲ့ ငါ့တို့ကို
ဖြုတ်ချလိုက်ရင် ၀န်ကြီးချုပ်ဂန် မြောင်းထဲရောက်ပြီဆိုတာသိနေတာ အမတ်ကိုရှင်းထုတ်ပစ်မယ် သူ့မှာရှိတဲ့အချက်အလက်တွေရှာယူရမယ် ..ကျန်ခဲ့ရင် နောက်လူတွေအတွက်သက်သေဖြစ်သွားလိမ့်မယ် "" အင်း ငါတို့သတိရှိဖို့လိုနေပြီ လက်နက်အရောင်းအ၀ယ် ခဏရပ်ဆိုင်းထားသင့်တယ်ထင်တယ် "
" ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ သူများကိစ္စထဲ
၀င်ပါချင်နေတဲ့အမတ် သူ့အတွက်သေလမ်းပဲရှိတယ် "" မင်း သူ့ကိုသွားမသတ်တော့နဲ့ ဒီတစ်ခေါက် သူ့ဘက်မှာ ဘာတွေပြင်ဆင်ထားလည်း ငါတို့မသိနိုင်ဘူး "
" သိတယ် ကယ်ဗင်ကိုခိုင်းလိုက်မယ် "
~~~~~
ဗိုလ်ချုပ်က ကျွန်တော်နဲ့တကွ ဂျယ်အွန်း၊ ၀ူးဂျင်
တို့ကိုအရေးပေါ်အစည်းအ၀ေးခေါ်ထားလေ၏ .." မနေ့ညက အမတ်ဂွမ်နေအိမ်မှာအသတ်ခံလိုက်ရတယ် သူနဲ့ပြိုင်ဘက်ထဲကဖြစ်ပုံရတယ် .. ကိုးရီးယားမှာအရင်နှစ်ကထက် 30ရာခိုင်နှုန်းပိုပြီးမူ့ခင်းများလာတယ် .. ရဲတွေကလည်းအရေးတယူမရှိကြဘူး
ဆိုပြီးပြည်သူကြားပွတ်ကလောရိုက်ကုန်ပြီ သမ္မတလီဟန် ကိုယ်တိုင်စစ်ဘက်ကိုတာ၀န်ပေးထားတယ် အစည်းအ၀ေးတတ်တုန်းက သူ့တပည့်
ဒေးဗစ်အသတ်ခံရတယ် .. အမတ်ဂွမ်အသတ်ခံရတာ ၀န်ကြီးချုပ်ဂန်ကိုသံသယရှိနေတယ် "ဗိုလ်ချုပ်သည် သူ့အား စာရွက်စာတမ်းနဲ့တကွ
ဓါတ်ပုံများကို ကမ်းပေးလာလျှင် ထိုဓါတ်ပုံတို့အားကြည့်လိုက်မိသည် ... နာမည်စာရင်းအတိအကျကအစ စုံစမ်းထား၏..အဖွဲ့နာမည်က J2Yလား ..
![](https://img.wattpad.com/cover/367561560-288-k183465.jpg)
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024