Part.20

1K 202 21
                                    

ညစာစားပြီး အိမ်ပြန်ရောက်တာ သိပ်မကြာခင် Jungkook အခန်းတံခါးကို တဒုန်းဒုန်းနဲ့လာထုနေရုံတင်မက Jungkook နာမည်ကို ဒေါသသံကြီး
ဖြင့်..

" jungkook ဖွင့် ! Jungkook ! ဖွင့်စမ်း မင်းနဲ့
ရှင်းစရာရှိတယ်  !  "

အဆက်မပြတ်အော်နေသဖြင့် Kim သူ့ကို
အလန့်တကြား ထူပူတုန်လှုပ်သွားခဲ့ရပြီး စိတ်မလုံမလဲဖြစ်သွားရသည် ...jungkook နားသို့ကပ်ပြီး
လက်တွေကို ဆုတ်ကိုင်လာသလို အသံသဲ့သဲ့သဲ့နှင့်ပြောလာပါ၏..

" jeon ဘယ်လိုလုပ်ကြမလဲ .. Somi ဆုံးတာ
သိသွားပြီထင်တယ် .. Jeonမှန်းသိလို့ သူ ဒေါသတကြီးဖြစ်နေတာ .. ဘယ်လိုရှင်းမှာလဲ Jeon ဒုက္ခရောက်လိမ့်မယ် .. "
Kim က စကားကိုတရဆက်ဆိုလာခဲ့သလို စိတ်လှုပ်ရှားနေဟန်အပြည့်ဖြစ်နေတည်း ။

" ဂရုမစိုက်ဘူး .. သူတို့ကိုယ်လုပ်တာသိရင်တောင် သူ့မှာဘာသက်သေမှမရှိတာ ..လုပ်ချင်တာလုပ်ပါစေ ဘာကိုမှမမူ့လို့ ဒီလိုအခြေအနေတွေထိရောက်လာတာ .. ဘာမှတွေးပူမနေနဲ့နော် စိတ်အေးအေးနေ ချစ်လေး ..  "

ဟုဆိုလေ၍ သူကတော့ သွေးအေးလွန်းနေသလို တစ်ဖက်က Kimသည်လည်း ခေါင်းတောင်
တစ်ချက်လေးပင် မငြိမ့်နိုင်တော့လောက်အောင်ပင် သူ့အတွက် စိုးရိမ်ပူပန်နေခြင်းကအထွဋ်အထိပ်
ဖြစ်လို့ ။

သတင်းကချက်ချင်းသူတို့ဆီရောက်လာ
လိမ့်မည်ဆိုတာ သိပါ၏ .. Jeon ကိုအမူ့ဖွင့်ပြီးအစွန်းဆုံအထိသွားခဲ့ရင်ရော ..အခုလိုအခြေအနေမှာ Jeon ကိုပဲ စိတ်ပူနေမိတာပဲ သိသည် ..သူတို့ဆုံးဖြတ်ချက်တိုင်းသည် သူတို့အပေါ်လုံးလုံးလျားလျားမူတည်နေတော့တာပဲဖြစ်သည် ။ ဒါပေမယ့် ဘာသက်သေမှမရှိတာမို့ တော်ပါသေးတယ် .. Jeon ကောင်းကောင်းကိုင်တွယ်ဖြေရှင်း
နိုင်မှာပါလေဟု တစ်ထစ်ချယုံကြည်ပါလေ
သည် ..  ။

တံခါးလာဖွင့်သည့် Jungkook၏ မျက်နှာပုံစံ
အနေထားသည် ထုံးစံအတိုင်းတည်တံ့နေသလို ဟန်ပြက်နေခြင်းဟူသည်မတွေရ

" ဘာကိစ္စလဲ  "

လေသံက ပုံမှန်လေသံနဲ့သာမေးလာ၏ ..

သူငယ်ချင်းမလေးကိုဆုံးရှုံးလိုက်ရတာ
ကြောင့် Euwnooမျက်၀န်းတွေသည် ယူကြုံးမရ
ဖြစ်နေသည့်အပြင် နီမြန်းနေတာ ..

Captain Kim ( Completed )Where stories live. Discover now