Jeonဒီနေ့ ကုမ္ပဏီမသွားဘဲအလုပ်ခန်းထဲမှာရှိနေသည် ..Jeonနဲ့စကားပြောစရာရှိတာကြောင့်အခန်းတံခါးသုံးချက်ဆင့်ခေါက်လိုက်လျှင် ...
" ၀င်ခဲ့ "
Jeon အလုပ်ခန်းကို ခုမှပထမဦးဆုံးရောက်ဖူး
လေခြင်း ..." Jeon .. "
သူအသံပြုပြီး၀င်သွားလိုက်တော့ Jungkook laptopကိုချက်ချင်းပိတ်လိုက်ပြီး သူ့ဆီအကြည့်ရောက်ရှိလာ၏ ...ဘယ်အချိန်ပဲ သူ့အားကြည့်ကြည့်
မက်မက်မောမောဖြစ်နေသည့် မျက်၀န်းတွေနဲ့သာ ..Jungkook သူထိုင်နေသည့်ခုံကိုနောက်သို့ အနည်းငယ်ဆုတ်လိုက်ပြီးလျှင် Kim ကို ပွေ့ဖက်
မည့်ဟန် လက်ဆန့် ကမ်းလာလေသည့်အခါ jungkook ပေါင်ပေါ်သို့ ကျကျနန ထိုင်လိုက်သည်
နှင့် Kimရဲ့ ခါးသွယ်သွယ်သေးပေါ် ရောက်လာသည့်လက် Kim သူ့လည်ပင်းကိုသိုင်းဖက်လိုက်သည် ။Kimပေါင်ပေါ်jungkookကျန်လက်တစ်ဖက်တင်လိုက်ပြန်ကာ ခပ်ဖွဖွပွတ်သပ်ပေးနေသည်...Kim ပါးလေးနှစ်ဖက်ရှိန်းကနဲဖြစ်သွားရပြီး Kimရှက်ပြုံးကလေးပြုံးမိလျက် ...
ဂျင်းဘောင်းဘီအပေါ်ကကိုင်နေရတာတောင် စိတ်က ထပ်ပြီးတော့ ပေါင်းသားအိအိလေးကို နှုတ်ခမ်းလေးဖြင့် ထိတွေ့ချင်ပြန်ပါ၏ ..ဒီလောက်ကလေးနဲ့ကို မလုံလောက်နိုင်ဘူးဖြစ်နေပြန်တာ .. တစ်နေ့နေ့ပေါ့ ချစ်လေးပေါင်လေးကို နမ်းပါဦးမယ်..
Kimကသိပ်လှတာ အရုပ်ကလေးနဲ့တူတယ်ဟု
ပြောရမလား .. မျက်လုံးအောက်က မှဲ့လေးကလည်း လှနေပြန်ပါရော .. ဒီအလှတရားလေးကို တစိမ့်စိမ့်နဲ့ထိုင်ကြည့်လေ ပိုပိုပြီးတော့ချစ်လေပဲ .. ကျွန်တော်လို အသဲမာလွန်းတဲ့ သူမျိုးတောင် ချစ်လေးရဲ့
ခြေရင်းမှာ၀ပ်ဆင်းအောင်ပြုစားထားနိုင်ခဲ့လွန်း
တာကို ...ဒီဘဲအပေါ် နှလုံးသားတဖြည်းဖြည်းနဲ့ကျွံ၀င်နေခဲ့တာ ကိုယ့်ကိုကိုယ် သတိမထားမိလောက်အောင်အထိပဲ ..အတူရှိနေရင် စိတ်ကလေးအလိုလိုပျော်ရွှင်ကြည်နူးမိသလို ဒီဘဲဆီက အချစ်ခံချင်သည် ကြင်နာနွေးထွေးမှုတွေ မက်မောတပ်မတ်လာခဲ့တာ.. ကျွန်တော့်အား လောဘကြီးလာအောင်လုပ်နေတာပဲ..ဒီဘဲရဲ့စေခိုင်းချက်အတိုင်း အလိုအလျောက်နာခံချင်လာတော့သည် ..
![](https://img.wattpad.com/cover/367561560-288-k183465.jpg)
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024