Part.3

1.3K 277 11
                                    

"Captain ကျွန်တော်တို့ ပိတ်ရက်ကလပ်သွားကဲရအောင်လိုက်ခဲ့ပါ့လား "

စားသောက်ဆောင်မှာ နေ့ခင်းစာစားနေခိုက်
ဂျယ်အွန်းကစကားစလာသည် ..

၀ူးဂျင်ကမျက်နှာ၀င်းပသွားကာ အားတတ်သရော်
ဖြင့် ..

"ငါရောပဲ သွားချင်တာ အဲ့ကလပ်ကခုတလော
ကောင်မလေးချောချောတွေလာတာတဲ့ သွားငမ်း
ရအောင် "

တပည့်နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်အတိုင်ဖောက်တွေညီနေကြတာပဲ ..

" Captainရောလိုက်ခဲ့လေ "

"ဟုတ်တယ် လိုက်ခဲ့ပါ "

ဂျယ်အွန်းအပြောကို ဝူးဂျင်ကထောက်ခံနေကာ အတင်းခေါ်နေတော့လေတာ ..

" တစ်ခါတစ်ရံ စိတ်လွှတ်ကိုယ်လွှတ်လေးနေကြည့်ပါ့လား Captain ကတစ်ချိန်လုံး နိုင်ငံရေး စစ်ရေးတွေဘဲ အချိန်ပြည့်တွေ့နေတာ ကျွန်တော်စေတနာနဲ့ပြောပြတာပါ "

တခြားအချိန်တွေမှာဆို Captain Kimကလွတ်လွတ်လပ်လပ်ပြောဆိုခွင့်ပြုထားပါသော်လည်း တာ၀န်ချိန်မှာတော့ အတွန့်မတတ်ရဲပါ .. အချိုးမပြေတာနဲ့
တပ်သားတစ်ယောက်ကိုတောင် ကွင်းတစ်ကွင်းလုံး ပတ်ပြေးခိုင်းကာအပြစ်ပေးတဲ့ Captain Kim ..

" မလိုက်တော့ဘူး မင်းတို့ဘာသာသွားကြပါကွာ .. "

" ပိတ်ရက်Captain အမေကိုသွားမတွေ့ဘူးလား .. "

Kimတစ်ချက်တော့တွေတွေ၀ေ၀ေသွားကာ ..

" မသိသေးပါဘူး ငါသွားပြီ 2နာရီကျရင်
လေ့ကျင့်ရေးလုပ်ပေးစာရရှိသေးလို့ "

Kim စားသောက်ဆောင်မှထွက်လာခဲ့လိုက်သည်...တဒွီဒွီဖြင့်၀င်လာတဲ့ဖုန်း daddyဆီက
ဖြစ်သည် ...

လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဖုန်းscreenအား
စက္ကန့်ကြာလောက်ကြည့်လိုက်သည် ..

" ဟဲလို daddy "

"မင်းကိုပြောစရာရှိတယ် အချိန်ရှိမှာပါ "

အမိန့်ပေးသံမျိုးဟုတ်မနေပြေပြေပြစ်ပြစ်နဲ့သာ..
သေချာပေါက် ဒီအချိန် ကျွန်တော်အားနေတာ
သိနေခဲ့ပြီးသားကို ..

" ဘယ်အချိန်လာရမလဲ ဗိုလ်ချုပ်မှူးကြီး "

" ခုချိန်ဆိုရတယ် "

Captain Kim ( Completed )Where stories live. Discover now