ဂျယ်မင်ကိုသူချိန်းထားတာမို့ ကော်ဖီဆိုင်မှာ
ကြိုစောင့်နေလိုက်သည် ..မေးစရာတွေလည်းရှိနေသလိုတောင်းဆိုစရာများလည်းရှိနေပါသေးသည် ..Jeon ကို ကျွန်တော်မှလွှဲ၍ ကျန်သူများသည် ထိခိုက်နစ်နာအောင်လုပ်ကြမှာကို အစိုးထိတ်ဆုံးဖြစ်နေရပြီး ညစဥ်တိုင်းလိုလို အိပ်မပျော်ဖြစ်ခဲ့ရသည် ..
ဆိုင်၀ကို Kim တကြည့်ကြည့်နဲ့ဖြစ်နေလေရှာတာ အချိန်သိပ်မကြာလိုက် ဂျယ်မင်ရောက်လာလေပြီးမျက်နှာချင်းဆိုင်ခုံမှာ၀င်ထိုင်လိုက်ပြီး ပြုံးပြလိုက်တော့ Kim ဆီကပြန်ရသည့် အပြုံးသည်
ဖျော့တော့စွာ ...ဂျယ်မင်ဘက်က စကားစလာပါ၏ ..
"ရောက်နေတာကြာနေပြီလား .. တွေ့မယ်ပြောတာနဲ့မြန်မြန်ထွက်လာတာပဲ .. "
" ငါကစောနေတာ ...မင်းသောက်မယ့်ဟာမှာလိုက်
မယ် .. "" အင်း .. "
ဟုပြောလိုက်ပြီး Taehyungရဲ့မျက်နှာလေးကို ကျွန်တော်သေချာကြည့်လိုက်ရင်းနဲ့ ..
" အဆင်ပြေရဲ့လား .. "
" အော .. မင်းရော .. "
" အင်း .. "
ကျွန်တော်တို့နှစ်ယောက်တွေ့လျှင်အမြဲတမ်း သာကြောင်းမာကြောင်းပြောနေကြဖြစ်သည့်သာမက တစ်ယောက်ယောက် စိတ်အဆင်မပြေသည့်အခါမျိုး၀ယ်ဖြစ်ဖြစ် ရင်ဖွင့်တတ်ကြတတ်သည် ..
ဂျယ်မင် သောက်နေကျကို သူသိထားပြီးသားမို့
waiterကောင်မလေးအား တစ်ခါတည်းသာမှာလိုက်လေသည် ..သူ့ အကြိုက်ကို နှစ်အကြာကြီးသိနေသည့် taehyungကြောင့် ကျွန်တော်ရင်ထဲပျော်နေမိတာ .. သူငယ်ချင်းမိုလို့ ဘာကြိုက်တယ်မကြိုက်ဘူးဆိုတာ အပြန်အလှန်သိထားတာကျတာလေးပါ ...
Taehyung ဘက်က အဖြူထည်သက်သက်မို့ ရိုးရိုးသားသားဖြစ်နေတာပါ ...ကျွန်တော့်အချစ်ကို
သူ မသိလည်းဖြစ်တယ် .. ကျွန်တော်တိတ်တခိုးချစ်ရတာလေးနဲ့ကို လုံလောက်နေခဲ့ပြီလေ .. ရယူပိုင်ဆိုင်လိုချင်းမရှိသလို ဘာကိုမှလည်းမက်မောတောင့်တချင်ဘူး ဒါလေးပါပဲ ...taehyung ပြုံးပျော်နေပြီး သူချစ်မြတ်နိုးရတဲ့သူနဲ့ထာ၀ရဖြတ်သန်းစေချင်ခဲ့တာ စိတ်ရင်းနဲ့ပါ ..
YOU ARE READING
Captain Kim ( Completed )
FanfictionJeon Jungkook × Kim Taehyung Start Date _ 22.4.2024 End Date _13.9.2024